Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့်တွေ့ဆုံ

နေပြည်တော် မတ် ၂၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့် မြင့်ပညာဦးစီးဌာန တက္ကသိုလ်များမှ ပါမောက္ခချုပ်များအား ယနေ့မွန်းလွဲ နာရီတွင် ဗီဒီယိုကွန်ဖရင့်စနစ် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက တက္ကသိုလ်များတွင် မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်တားဆီးရေး လုပ်ငန်းများ ဆောင်ရွက်ထားကြရန်၊ မီးသတ်ဆေးဘူး များ ပြန်လည်စစ်ဆေးရန်နှင့်  လုံခြုံရေးဝန်ထမ်းများ အပြည့်အဝထားရှိ ဆောင်ရွက် ကြရန် လိုကြောင်း၊ စာသင်ခန်းများ၊ လက်တွေ့ခန်းများသို့ နေ့စဉ်လှည့်လည် ကြီးကြပ် ပေးရန်၊  တက္ကသိုလ်များရှိ သုတေသနစက်ပစ္စည်းများ၏ အသုံးပြုမှတ်တမ်းထား ရှိရန် နှင့် တန်ဖိုးကြီး သုတေသနစက်ပစ္စည်းများကို အကျိုးရှိထိရောက်စွာ အသုံးချကြရန် လိုကြောင်း၊ ဆရာ ဆရာမများအတွက် ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်းများကို ဖွင့်လှစ်ဆောင်ရွက် ပေးရန်လိုကြောင်း၊ တက္ကသိုလ် တစ်ခုချင်းအလိုက် ဘွဲ့၊ ဒီဂရီ ပေးအပ်နိုင်သော အသုံးချဘာသာရပ်များကို စာသင်နှစ်အလိုက်၊ Module အလိုက် သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာများ ရေးဆွဲကာ တက္ကသိုလ်သင်ကြားရေးအဖွဲ့ဖြင့် အတည်ပြုပြဋ္ဌာန်းပြီး လာမည့်ပညာသင်နှစ် ပထမနှစ် သင်တန်းများတွင် စတင်သင်ကြားနိုင်ရေး အဆင်သင့်ပြင်ဆင် ဆောင်ရွက်ထားကြရန် လိုကြောင်း ပြောကြား သည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က လုပ်ငန်းများအကောင်အထည် ဖော်နိုင်ရေးအတွက်  ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကိုလည်းကောင်း၊ အဆင့်မြင့် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက စီမံခန့်ခွဲမှုကိစ္စရပ်များကို လည်းကောင်း ရှင်းလင်းဆွေးနွေး တင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အစည်းအဝေးသို့ တက်ရောက်လာကြသူ များသည် တက္ကသိုလ်ဆိုင်ရာ လုပ်ငန်းကိစ္စရပ်များကို ဆွေးနွေးကြပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။ 

သတင်းစဉ်