Skip to main content

Mar 23, 2022

ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်) သို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

မသန်စွမ်းသူများ၏ အခွင့်ရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းအစည်အဝေးခန်းမ၌ ကျင်းပရာ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

၁။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၂) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီ ပေးအပ်နိုင်ရေး အတွက် ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ပူးတွဲ စာရင်းပါ ကုမ္ပဏီ/ လုပ်ငန်း (၈၈၂) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ထုတ်ယူခွင့်ပြုလိုက်သည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

သထုံမြို့နယ်တွင် ငွေကျပ် ၃၀ ဘီလီယံတန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း)များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် သဲချောင်းကျေးရွာအုပ်စု ဝဲကျွန်းကျေးရွာ၌ မတ် ၂၁ ရက် ညနေ ၄ နာရီခန့်တွင် လေပြင်းများတိုက်ခတ်ပြီး လှိုင်းရိုက်ခတ်မှုများကြောင့် ကမ်းခြေရှိ နေအိမ်အချို့ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရာ ယနေ့တွင် တပ်မတော်(ရေ)မှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက် ပေးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အတွင်းရှိ မာရဝိဇရဘုရားကြီးရှေ့ မြတ် မင်္ဂလာလမ်း အရှည်နှစ်မိုင်ခန့် လမ်းဝဲ/ယာ ၁၂ ပေစီ ကွန်ကရစ် လမ်းတိုးချဲ့ခင်းခြင်းလုပ်ငန်း၊ စံပယ်လမ်း အဆင့်မြှင့်တင် ပြုပြင်ဖောက်လုပ်ခြင်း လုပ်ငန်း၊ သံတမန်ဇုန်ရှိ စိမ်းလန်းဧရိယာအတွင်း မြက်ခင်းနှင့် နှစ်ရှည်ပင် ပြုပြင်ထိန်းသိမ်းမှု လုပ်ငန်း၊ စံပယ်လမ်းနှင့် ရာဇသင်္ဂဟလမ်း လမ်းဆုံတွင် မီးပွိုင့် တပ်ဆင်နိုင်ရေးအတွက် ပြုပြင်ဆောင်ရွက်နေမှုများကိုသွားရောက် စစ်ဆေးကြည့်ရှုပြီး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အလေးထားဆောင်ရွက်ကြရန် မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူး ၈၀ တို့ကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေးအတွက် ဌာနတွင်းလုပ်ငန်းခွင်မွမ်းမံသင်တန်း အမှတ်စဉ် (၁၅) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ရုံးအမှတ် (၅၈) အစည်းအဝေး ခန်းမ၌ Hybrid ပုံစံဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

ပါကစ္စတန် အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ သမ္မတဟောင်း H.E. Mr. Muhammad Rafiq Tarar သည် ၂၀၂၂ ခုနှစ် မတ် ၇ ရက်တွင် ကွယ်လွန်ခဲ့သည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန မဟာ ဗျူဟာလေ့လာရေးနှင့် လေ့ကျင့် ရေးဦးစီးဌာန ခေတ္တညွှန်ကြား ရေးမှူးချုပ် ဦးဇော်ဖြိုးဝင်းသည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ရန်ကုန်မြို့ ပြည်လမ်း အမှတ် (အေ-၄) သံတမန်ရပ်ကွက်ရှိ မြန်မာနိုင်ငံဆိုင်ရာ ပါကစ္စတန်နိုင်ငံသံရုံး၌ ဝမ်းနည်းခြင်းအထိမ်း အမှတ်စာအုပ်၌ လက်မှတ်ရေးထိုးသည်။

ဆက်လက်ဖတ်ရှုရန်

Mar 23, 2022

ရခိုင်ပြည်နယ်အတွင်းရှိမြို့နယ်များအလိုက် သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ များဖြင့် မြို့နယ်၊ ကျေးရွာအသီးသီးတွင် သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကြိုတင်သတိပေးခြင်းများ၊ မုန်တိုင်းနှင့် သဘာဝအန္တရာယ်ကျရောက်ပါက တုံ့ပြန်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်ခြင်းများ၊ အရေးပေါ် ဖြစ်ပေါ်လာပါက စုဝေးရမည့်နေရာနှင့် လမ်းကြောင်းများ၊ ပြောင်းရွှေ့နေထိုင်ရမည့် အဆောက်အဦ နေရာများအား ကြိုတင်ပြင်ဆင်ခြင်းများ၊ ဦးစားပေးကယ်ဆယ်ရမည့် အုပ်စုများအား အရေးပေါ် အသက်ကယ်ဆယ်နည်းများဖြင့် ဆောင်ရွက်ရမည့် နည်းလမ်းများကို စနစ်တကျ လမ်းညွှန်အသိပေးခြင်းများနှင့် အချိန်နှင့်တစ်ပြေးညီ သတင်းရယူပူးပေါင်းဆောင်ရွက်နိုင်ရန် ပြည်နယ် အစိုးရရုံး၌ command center ဖွင့်လှစ်ထားပြီး တပ်မတော်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၄ နာရီ စုပေါင်းရုံး ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်