နေပြည်တော် ဧပြီ ၆
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကြောင်း သိရသည်။
ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁၁၄၉ ခု၊ စာစစ်ဌာနစုစုပေါင်း ၁၁၆၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဇီဝဗေဒဘာသာရပ်စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၇၅၉၁၅ ဦးရှိပြီး စာမေးပွဲဆဋ္ဌမနေ့ ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၁ ဒသမ ၆၆ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။
သတင်းစဉ်