Skip to main content

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိ

နေပြည်တော် ဧပြီ ၆

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန ၁၂၃၆ ခု၊ စာစစ်ဌာန စုစုပေါင်း ၁၂၅၆ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ဘောဂဗေဒဘာသာရပ် စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၂၃၄၄၃၇ ဦးရှိပြီး စာမေးပွဲ ဆဋ္ဌမနေ့ ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၈၉ ဒသမ ၃၂ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ သိရသည်။

သတင်းစဉ်