Apr 08, 2022
ARSA အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် သောင်းကျန်းသူအဖွဲ့က မိုင်းထောင်ဖောက်ခွဲဖျက်ဆီး ခဲ့ခြင်းကြောင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းရှိ ကြိမ်ချောင်း-တောင်ပြိုသွား ကားလမ်းပေါ်ရှိ ထန်းချောင်းတံတားကို ယနေ့တွင် မောင်တောမြို့နယ် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Apr 08, 2022
စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့အား PDF အမည်ခံအကြမ်းဖက်သမား များက ၄၀ မမ ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခဲ့သဖြင့် ဆေးရုံဝင်း အတွင်းရှိ အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Apr 08, 2022
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိန်း သည် ယနေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည့် အာဆီယံဗဟိုဘဏ် ဥက္ကဋ္ဌများနှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အမှုဆောင်အရာရှိချုပ်များ ဆွေးနွေးပွဲသို့ တက်ရောက်သည်။
Apr 08, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းသည် ယနေ့နံနက် ၇နာရီခွဲတွင် ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် Virtual စနစ်ဖြင့် ကျင်းပသည့် အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ်ဒုတိယအကြီးအကဲများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ပါဝင်တက်ရောက်သည်။
Apr 08, 2022
ကျန်းမာရေးဝန်ကြီးဌာန ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခံရသူများ ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျန်းမာရေးဝန်ကြီးဌာန ရုံးအမှတ်(၄) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
Apr 08, 2022
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းသည် ဒုတိယဝန်ကြီးနှင့်အတူ ယနေ့နံနက်ပိုင်းက နေပြည်တော်နယ်မြေအတွင်းရှိ မြန်မာ့မီးရထား၊ စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်)နှင့် သတင်းအချက်အလက် နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေး ဦးစီးဌာနများကို ကြည့်ရှုစစ်ဆေးသည်။
Apr 08, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၆ ရက် နံနက်ပိုင်းက ခန္တီးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ အခြေချ စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေး မှူးနှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရေးမှူးတို့နှင့် တွေ့ဆုံ၍ နယ်မြေတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စများတွင် မိမိတို့ပြန်ကြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး ညှိနှိုင်းမှာကြားပြီး
Apr 08, 2022
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ နိုင်ငံ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ မွန်းလွဲ ၃နာရီက ပညာရေးဝန်ကြီးဌာန ဝန်ကြီးရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
Apr 08, 2022
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ကို ယနေ့ နံနက် ၁၁ နာရီခွဲတွင် နေပြည်တော်ရှိ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 08, 2022
နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး ထွဋ်သည် ယနေ့မွန်းလွဲပိုင်းတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပြည်သူ့အစိုးရမှ ကျင်းပသည့် (၆) နှစ်မြောက် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု ရက်သတ္တပတ် (၂၀၂၂)ဖွင့်ပွဲ အခမ်းအနားသို့ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပါဝင်တက်ရောက်သည်။