Skip to main content

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့တွင် ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦးရှိ

နေပြည်တော် ဧပြီ ၇

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦး ရှိကြောင်း သိရသည်။

ယခုနှစ်တွင် နိုင်ငံခြားစာစစ်ဌာန ၂၀ နှင့် ပြည်တွင်း၌ စာစစ်ဌာန  ၁၀၉၃ ခု စာစစ်ဌာန စုစုပေါင်း ၁၁၁၃  ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ ပထဝီဝင်ဘာသာရပ် စာမေးပွဲဖြေဆိုရန် စာရင်းပေး သွင်းသူဦးရေ စုစုပေါင်း ၆၁၅၅၈ ဦးရှိပြီး စာမေးပွဲ သတ္တမနေ့ ပထဝီဝင်ဘာသာရပ် လာရောက် ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦးရှိကာ ဖြေဆိုသူ ရာခိုင်နှုန်း ၈၈ ဒသမ ၉၃ ရာခိုင်နှုန်းရှိကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။

(သတင်းစဉ်)