မိုင်းခတ် နိုဝင်ဘာ ၉
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်နှံမှု မရှိစေရေး အသိပညာပေး နှိုးဆော်မှုကို ယမန်နေ့ညနေ (၄) နာရီအချိန်က မိုင်းခတ် မြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် ပါဆံကျကျေးရွာတွင် အသံချဲ့စက်ဖြင့် လှည့်လည်နှိုးဆော် ခဲ့ကြောင်း သိရသည်။
ယင်းသို့နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မိမိနေအိမ်များ တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေနေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း (mask) ကို စနစ်တကျတပ်ဆင်ရန်၊ အိမ်တွင်ဧည့်သည်များအား လက်ခံခြင်းမပြုရန်၊ နှာခေါင်းစည်း mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှ ရှောင်ကြဉ်ရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ အပြင်မှ ပြန်လာသောအခါ (mask) များကို စနစ်တကျစွန့်ပြစ်ရန်၊ လက်ကိုဆပ်ပြာနှင့် စက္ကန့် ၂၀ ကြာအောင်ဆေးရန်နှင့် မိမိတို့နေအိမ်၌ဖျားနာခြင်း၊ အနံ့မရခြင်းနှင့်ရောဂါပိုး ကူးစက်ခံရ သည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူရန်နှင့် မိဘပြည်သူများမှ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါ၀င်ကြရန် စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များအား မြန်မာဘာသာ နှင့် လားဟူဘာသာ နှစ်မျိုးဖြင့် လှည့်လည် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပေးနှိုးဆော်မှုကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီ အသင်းတို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ပြည်သူများအား ကျန်းမာရေး အသိပညာပေး နှိုးဆော်ခြင်းကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)