Skip to main content

စာပေဗိမာန်စာအုပ်အသင်း စာအုပ်ဖြန့်ချိ

နေပြည်တော် နိုဝင်ဘာ ၉

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်စာအုပ်အသင်းက စာပေ ဗိမာန် စာမူဆု စာပဒေသာ ဒုတိယဆုရ “မင်းသျှင်အောင်(တွံတေး)” ရေးသားသည့် “ရာမဇာတ်ထဲက ရေကျော်မောင်မောင်” စာအုပ်ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလအသင်းပေးစာအုပ်အဖြစ် စာအုပ်အသင်းဝင်များ ထံသို့ ဖြန့်ချိလျက် ရှိပါသည်။ ရန်ကုန်မြို့ရှိ စာအုပ်အသင်းဝင်များသည် အမှတ်(၅၂၉/၅၃၁) ကုန်သည် လမ်းရှိ စာပေဗိမာန် စာအုပ်အသင်းတွင် လာရောက်ထုတ်ယူနိုင်ပြီး ကျန်အသင်းဝင်များသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ရုံးများမှတစ်ဆင့်လည်းကောင်း၊ စာတိုက်မှ တစ်ဆင့် လည်းကောင်း ပေးပို့လျက်ရှိပါသည်။

စာပေဗိမာန်စာအုပ်အသင်းဝင်လိုပါက အတွင်းရေးမှူး၊ စာပေဗိမာန်စာအုပ်အသင်း အမှတ်(၂၉/၅၃၁) ကုန်သည်လမ်း ရန်ကုန်မြို့ ဖုန်း-၀၁-၂၄၉၀၃၁၊ ၃၈၁၄၄၈ သို့ လိပ်မူ၍ ဆက်သွယ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်