Skip to main content

အမှန်တကယ်လုပ်ကိုင်ဆောင်ရွက်နေကြသော တောင်သူများ နစ်နာမှုမရှိအောင် စနစ်တကျ ကွင်းဆင်းစိစစ်

မန္တလေး နိုဝင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲ ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် တိုင်းဒေသ ကြီး အစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမောင်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဆိုင်ရာလုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ နိုင်ငံတော်မှဆောင်ရွက်မည့် လုပ်ငန်းများ၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းလျှောက်ထားမှုများအား ဦးစားပေး စိစစ် ဆောင်ရွက်ရေး၊ အမှန်တကယ် လုပ်ကိုင်ဆောင် ရွက်နေကြသော တောင်သူများ နစ်နာမှုမရှိအောင် စနစ်တကျ ကွင်းဆင်းစိစစ်ရေးနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန၏ နည်းဥပဒေများနှင့်အညီ မှန်ကန်မြန်ဆန်စွာဖြင့် စနစ်တကျဆောင်ရွက်ရေးတို့ကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ၊ အတွင်း ရေးမှူးက စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ အစိုးရက ခွင့်ပြုသည့် ဥပဒေနှင့်ညီညွတ်သော အခြားလုပ်ငန်းများ၊ မြေ လွတ်၊ မြေလပ်နှင့် မြေရိုင်းများ စိုက်ပျိုးလုပ်ကိုင်ခွင့် ရရှိထားမှုများ အပေါ် လယ်ယာမြေအဖြစ် ပြောင်းလဲခွင့်ပြုရန် လျှောက်ထား လွှာများ၊ တင်ပြလာသည့် လုပ်ငန်း စာတွဲလွှာများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသူများက ဥပဒေနှင့်အညီ ခွင့်ပြုနိုင်သည့် လုပ်ငန်းများနှင့် ပြန်လည်စိစစ်ရန် လိုအပ်သည့် လုပ်ငန်းစာတွဲ များကို စိစစ်ဆုံးဖြတ်ပေးကြပြီး တင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ် ညှိနှိုင်းပေးကြောင်း သိရသည်။

သတင်းစဉ်