Skip to main content

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ ပြည်ပမှအဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် နိုဝင်ဘာ ၁၂

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီစီစဉ် ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ကုမ္ပဏီ () ခုမှ ယာဉ်စီးရေ () စီးဖြင့် အောက်စီဂျင်အိုးခွံ (၃၆၀၂)ခု၊ အောက်ဆီဂျင် plant()ခု၊ လုပ်ငန်းသုံးအောက်စီဂျင်စက် Oxygen Generator () ခုနှင့် နှာခေါင်းစည်း (Mask) (၁၇) တန် တို့ကိုတင်သွင်းခဲ့သည်။ အောက်စီဂျင် plant () ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 

(သတင်းစဉ်)