Skip to main content

ဝမ်းတွင်းမြို့နယ် မူလတန်းကျောင်းအုပ် ဆရာမကြီး အကြမ်းဖက်သတ်ဖြတ်ခံရ

နေပြည်တော်   နိုဝင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာနေ မူလတန်းကျောင်းအုပ်ဆရာမ ဒေါ်စိန်ကြည် (၄၅) နှစ်နှင့် ခင်ပွန်းဖြစ်သူသည် ယမန်နေ့ မွန်းလွဲ နာရီခွဲအချိန်ခန့်က နေအိမ်အတွင်း ထိုင်နေစဉ် လက်နက်ကိုင်အကြမ်းဖက်သမား ဦးသည် ဆိုင်ကယ် စီးဖြင့်  ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ချက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ 9 mm USA LUGER ကျည်ခွံ ခုအား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း၊ ဆရာမ ဒေါ်စိန်ကြည်မှာ ရင်ဘတ် ကျည်ဖောက်ဝင်ဒဏ်ရာ ချက်ဖြင့် သေဆုံးခဲ့ပြီး ခင်ပွန်းဖြစ်သူမှာ ဝဲဘက်ရင်အုံ သေနတ်ထိမှန် ချက် ရရှိခဲ့ကြောင်း၊ ဆရာမနှင့် ၎င်း၏ခင်ပွန်းဖြစ်သူအား ဝမ်းတွင်း ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် CDM မပြုလုပ်ဘဲ နိုင်ငံ့တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နေသော တာဝန်သိအပြစ်မဲ့ ကျောင်းဆရာမ တစ်ဦးအပေါ် လူသားချင်းစာနာထောက်ထားမှုကင်းမဲ့စွာ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူ PDF အကြမ်းဖက်သမား တရားခံအား အမြန်ဆုံး ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။