နေပြည်တော် နိုဝင်ဘာ ၁၂
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းတို့ ပူးပေါင်းစီစဉ်မှုဖြင့်ပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန်ရည်ရွယ်၍ ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် မှာယူတင်သွင်းခဲ့သည့် စက်သုံးဆီများကို စက်တင်ဘာ ၂၂ ရက်မှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရောင်းချပေးလျက်ရှိပြီး 92 Ron (၃၃,၉၄၂,၆၇၉) လီတာ၊ ဒီဇယ် (၁၈,၆၇၇,၈၈၂) လီတာနှင့် Premium ဒီဇယ် (၂၉,၄၈၄,၉၉၁) လီတာတို့ကို ဖြန့်ဖြူးရောင်းချပေး ထားပြီးဖြစ်သည်။
တိုင်းဒေသကြီး/ ပြည်နယ်များတွင် သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချပေးနေသည့် စက်သုံးဆီဆိုင်လိပ်စာများအား ကြေညာခဲ့ပြီးဖြစ်သည်။
စားသုံးသူပြည်သူများအနေဖြင့် စက်သုံးဆီများကို တိုင်းဒေသကြီး/ ပြည်နယ်အလိုက် သတ်မှတ် စက်သုံးဆီအရောင်းဆိုင်များတွင် အောက်ဖော်ပြပါဈေးနှုန်းများအတိုင်း ဝယ်ယူရရှိခြင်း မရှိပါက ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ ဖုန်း ၀၉-၆၆၄၀၇၅၆၈၃၊ ၀၉-၆၆၄၅၉၆၃၂၇၊ ၀၉-၆၈၇၆၃၅၉၄၃၊ ၀၉-၆၇၆၃၂၀၈၂၆ စားသုံးသူ ရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဖုန်း ၀၁-၂၅၀၂၇၀၊ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ဖြန့်ဖြူးရောင်းချရေးအသင်းဖုန်း ၀၉၄၂၁၀၀၆၇၉၄ တို့ကို ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
(သတင်းစဉ်)