Skip to main content

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးရွာ သာသနာပြုဆရာတော် ဦးသောမဏ အကြမ်းဖက်လုပ်ကြံခံရ

နေပြည်တော် နိုဝင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာရှိ မင်္ဂလာမှန်ကျောင်း၊ ကျောင်းထိုင် ဆရာတော် ဦးသောမဏ (၄၈)နှစ် ဝါတော် (၂၈) ဝါသည် ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်ခန့်က ဆွမ်းစားဆောင်၌ သံဃာတော် ပါးနှင့်အတူ ဆွမ်းဘုန်းပေးနေစဉ် အမည်မသိ လူ ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး သေနတ်အတိုဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ 9 mm USA LUGER ကျည်ခွံ တစ်ခု တွေ့ရှိခဲ့ကြောင်းနှင့် ကျောင်းထိုင်ဆရာတော်မှာ ဦးခေါင်းထိမှန် သေနတ်ဒဏ်ရာဖြင့် ပျံလွန်တော်မူသွားခဲ့ ကြောင်းနှင့် ဆရာတော်အား အကြောင်းမဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့သော PDF အကြမ်းဖက်သမားများအား အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။