Skip to main content

Nov 15, 2021

နို့နှင့်နို့ထွက်ပစ္စည်းစားသုံးမှုသည် ကိုယ်ခံအားကောင်းမွန်ပြီး အရိုးအဆစ်ကို သန်မာစေသဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနအနေဖြင့် နိုင်ငံအတွင်း နို့နှင့်နို့ထွက်ပစ္စည်းများ ပိုမိုစားသုံးနိုင်စေ ရန်နှင့် သန့်ရှင်း၍အရည်အသွေး ကောင်းမွန်သောနွားနို့ကိုရရှိနိုင်ရန် ပံ့ပိုးပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုပိုးတွေ့လူနာများနှင့် သီးသန့်စောင့် ကြည့်ရမည့်သူများအား တပ်မတော်ဆေးရုံများ၊ ပြည်သူ့ဆေးရုံများ၊ ကျန်းမာရေး ဌာနများနှင့် ကိုဗစ်စင်တာများတွင် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သားဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များပူးပေါင်း၍ အင်တိုက်အားတိုက်ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်း များတွင် အထောက်အကူဖြစ်စေရန်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ သတ်မှတ်အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တပ်မတော်(လေ)မှ လေယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလ အတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန်ရည်ရွယ်၍ တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ် ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေး ပေးခြင်းများကို ဆောင်ရွက်လျက် ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ရခိုင်ပြည်နယ် သံတွဲခရိုင် ငပလီမြို့ “ငပလီကမ်းခြေ ဆောင်းဦးပွဲတော်” ဖွင့်ပွဲအခမ်းအနားကို ငပလီ ကမ်းခြေရှိ ပါရာဒိုက်ဟိုတယ်၌ ယနေ့ နံနက်ပိုင်းက ကျင်းပရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အောင်ကျော်မင်း၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေး အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေး လျက်ရှိရာ ယနေ့တွင် မြဝတီနှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်းရာ၌ ကုမ္ပဏီနှစ်ခုမှ ယာဉ်စီးရေ သုံးစီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ် တစ်စီးဖြင့် တန် ၂၀ နှင့် နှာခေါင်းစည်း (Mask) ၁၆ တန်တို့ကို တင်သွင်းခဲ့သည်။ မြဝတီကုန်သွယ်ရေးဇုန်မှတင်သွင်းသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီး မှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

တနင်္သာရီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ဂုဏ်ပြု ချီးမြှင့်ခြင်းကို ယနေ့နံနက်ပိုင်းတွင် ထားဝင်မြို့နယ် ခန်းမ၌ ပြုလုပ်ရာ တနင်္သာရီ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျန်းမာရေး ဝန်ထမ်းများ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ဗုဒ္ဓဘာသာကလျာဏယုဝအသင်းကြီး (YMBA) မှ ကြီးမှူးကျင်းပမည့် (၁၀၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကျင်းပနိုင်ရန် အလှူငွေပေးအပ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်းမြို့နယ် ဇမ္ဗူသီရိဗိမာန်၌ ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

နေပြည်တော် နိုဝင်ဘာ ၁၄ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးရဲတင့်သည် နိုဝင်ဘာ ၁၃ ရက် နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝေါမြို့နယ်ရုံးတွင် လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကျိုက်ထို၊ ဘီးလင်းမြို့နယ်ရုံးများနှင့် သထုံခရိုင်ရုံးတို့တွင် လည်းကောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးများနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ အားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ များ ဆွေးနွေးမှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

အိန္ဒိယနိုင်ငံ၊ ဂိုအာမြို့တွင် (၃) ကြိမ်မြောက် Goa Maritime Conclave 2021 (GMC-2021) ကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးမိုးအောင် ဦးဆောင်သည့်ကိုယ်စားလှယ် အဖွဲ့တက်ရောက်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော တီမောလက်စ်တေ ဒီမိုကရက်တစ်သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာဂျိုအာဖရိတက်စ် ဒီကမ်မာရာ၏ နေရာတွင် မစ္စတာ အန်တိုနီတို ဒဲ အာရာဝီဂျူ၊ အား ခန့်အပ်ရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော အိန္ဒိယ သမ္မတနိုင်ငံသံအမတ်ကြီး မစ္စတာရက်(ဘ်) ကူမားနေရာတွင် မစ္စတာ ဗီနေးကူးမားအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရက သဘော တူညီပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်၊ သာသနာ့မဟာဗိမာန်တော်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှတို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုကျဆင်းလာသောကြောင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ပြည်သူများလူမှုစီးပွားရေးဘဝ ပုံမှန်လည်ပတ်နေကြသည်။ ကျောင်းများ စတင်ဖွင့်လှစ်ချိန်တွင် ရာသီအကူးအပြောင်းကြောင့် ပုံမှန်တုပ်ကွေး ရောဂါဖြစ်ပွားမှုသာရှိခဲ့သည်။ လက်ရှိကာလ နိုင်ငံရေးအခြေအနေနှင့်အကြောင်း အမျိုးမျိုးဂယက်ရိုက်ခတ်မှုကြောင့် ပညာ သင်ကြားရေး အပိုင်း၌ လျော့နည်းမှုရှိသော်လည်း အလုပ်အကိုင်များ ပုံမှန်လုပ်ကိုင် နေကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 15, 2021

မျိုးချစ်စိတ်ဓာတ်ဟူသည် တိုင်းပြည်နှင့်လူမျိုးကို ချစ်ခင်သော စိတ်ဓာတ်ဟူ၍ အဘိဓာန်က ဖွင့်ဆိုသည်။ သူ့ကျွန်ဘ၀သို့ ကျရောက်ခဲ့ရသည့်ကာလတွင် နယ်ချဲ့တို့က ချိုးနှိမ်ထားခဲ့သည့် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးတို့၏ စိတ်ဓာတ်နှင့် အားမာန်တို့ကို ပြန်လည်မြှင့်တင်ရန်အလို့ငှာ အမျိုး၊ ဘာသာ၊ သာသနာဟူ၍ လှုံ့ဆော်ခဲ့ရသည်။ ကိုလိုနီခေတ်တွင် သွေးခွဲအုပ်ချုပ်သည့်စနစ် အရ ပြည်မနှင့် တောင်တန်းဒေသများကို သီးခြားစီခွဲထားခဲ့သည့် အပြင် ကူးသန်းသွားလာမှုများကိုပါ ကန့်သတ်ခဲ့သည့်အတွက် နိုင်ငံရေးနိုးကြားမှုနှင့် ဖြစ်ပေါ်တိုးတက်မှုတို့ ကွာခြားခဲ့သည်။ သို့ဖြစ်သည့်အလျောက် နယ်ချဲ့ကိုဆန့်ကျင်မှုများ စတင်လာသည့် ကာလ၊ အမျိုးသားရေးဝါဒကို ဖော်ထုတ်မြှင့်တင်ရာတွင် အတိတ် သမိုင်းမှ “ဇာတိပုည၊ ဂုဏ်မာန” အရ တက်ကြွဖွယ်ရာတို့ကို ပြန်လည်ညွှန်ပြခဲ့ကြသည့်အတွက် “မျိုးရိုးကတန်ခိုးကြီးခဲ့ပေ။ ထီးနန်းနဲ့ စံမြန်းလာတာတွေ” စသည့် အဖွဲ့အနွဲ့မျိုးများလည်း ပေါ်ထွက်လာခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထု အနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြု ပူးပေါင်းဆောင်ရွက် ကြရန် လိုအပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

ဆောက်လုပ်ရေး၊ အိမ်ရာနှင့် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက်) အထူးအထွေထွေ အစည်းဝေးနှင့် အဋ္ဌမအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေအစည်းအဝေးကို ယနေ့တွင် ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ နဝဒေးလမ်းရှိ CHID Bank (ရုံးချုပ်)၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် ဂျပန်နိုင်ငံ၊ The Nippon Foundation အဖွဲ့ဥက္ကဋ္ဌ Mr. Yohei Sasakawa နှင့် အဖွဲ့သည် ယနေ့ ညနေပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ တွေ့ဆုံကြသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် နိုဝင်ဘာ (၁၃) ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးရှိ အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) နှင့် မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

မူးယစ်ဆေးဝါးဝင်ငွေနဲ့ အဓိကရပ်တည်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အချို့ဟာ မူးယစ်ဆေးဝါးက ရရှိတဲ့ဝင်ငွေနဲ့ NUG အဖွဲ့ကို ငွေကြေးထောက်ပံ့နေ

ဆက်လက်ဖတ်ရှုရန်

Nov 14, 2021

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့တွင် ယနေ့နံနက် ၉ နာရီအချိန်ခန့်က ဆိုင်ကယ် ကယ်ရီမောင်းသူတစ်ဦးအား ဒလန် ဟု စွပ်စွဲကာ PDF အဖွဲ့မှ သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်