Skip to main content

အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း၏ တတိယ အကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ခုံရုံးအဖွဲ့ဝင်များဖြစ်ကြ သည့် ဦးခင်မောင်ဦးနှင့် ဒေါ်နန်း စန္ဒာစမ်းတို့သည် နိုဝင်ဘာ ၁၀ ရက် နှင့် ၁၁ ရက်တို့တွင် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာတရားရုံးများနှင့်အဆင့်တူ အဖွဲ့အစည်းများအသင်း (AACCThe Association of Asian Constitutional Courts and Equivalent Institutions)e mosw အကြိမ်မြောက် အပြည်ပြည်  ဆိုင်ရာ စာတမ်းဖတ်ပွဲသို့ Video  Conferencingစနစ်ဖြင့် ပါဝင်တက် ရောက်ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ  စာတမ်းဖတ်ပွဲသည် အာရှနိုင်ငံ များ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ တရားရုံးများ နှင့် အဆင့်တူ အဖွဲ့အစည်းများအသင်း(AACC) ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက် ရေးဆိုင်ရာ အထွေထွေအတွင်း ရေးမှူးချုပ်ရုံးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော ကိုရီးယား သမ္မတနိုင်ငံ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံးက နိုဝင်ဘာ ၁၀ ရက်မှ ၁၁ ရက်အထိ ဦးဆောင်ကျင်းပသည့် စာတမ်း ဖတ်ပွဲဖြစ်ပြီး အဆိုပါအပြည်ပြည် ဆိုင်ရာ စာတမ်းဖတ်ပွဲကို “Constitutional Rights and AACC Members” ခေါင်းစဉ်ဖြင့် ကျင်းပ ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ စာတမ်း ဖတ်ပွဲသို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံများ၏ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဆိုင်ရာတရားရုံးများနှင့် အဆင့်တူ အဖွဲ့ အစည်းများအသင်း(AACC) အဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသော ကာဇက်စတန်နိုင်ငံ၊ ကာဂျစ်စတန် နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဂျော်ဒန်နိုင်ငံ၊ တာဂျစ်ကစ္စတန် နိုင်ငံ၊ တူရကီနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ၊ ပါကစ္စတန်နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ မွန်ဂိုလီးယား နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ရုရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ အိန္ဒိယနိုင်ငံ၊  အဇာဘိုင်ဂျန်နိုင်ငံနှင့် ဥဇဘက် ကစ္စတန်နိုင်ငံတို့မှ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ တရားရုံး ကောင်စီ/ခုံရုံးများ၏တရားသူကြီး ချုပ်များ၊ ဥက္ကဋ္ဌများ၊ တရားသူကြီးများ၊ အထွေထွေ အတွင်းရေးမှူး ချုပ်များ၊ ဥပဒေပညာရှင်များနှင့် ဗင်းနစ်ကော်မရှင်နှင့် စင်ကာပူ နိုင်ငံ တက္ကသိုလ်တို့မှ ဥပဒေပညာ ရှင်များ တက်ရောက်ကြသည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာ စာတမ်းဖတ်ပွဲကို အပိုင်း(၃) ပိုင်း ဖြင့် ကျင်းပပြီး မြန်မာနိုင်ငံ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးသည် “Constitutional Rights; New Challenges in Myanmar” ခေါင်းစဉ်ဖြင့် စာတမ်းကို ဖတ်ကြားဆွေးနွေး သည်။ အဆိုပါ ဆွေးနွေးချက်တွင် မြန်မာနိုင်ငံ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံ သားများ၏ စီးပွားရေး၊ ယဉ်ကျေး မှု၊ ဘာသာရေးနှင့် အခြေခံဥပဒေ အရ ကုစားခွင့် အခွင့်အရေးများ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့တင်သွင်းလွှာ တင်သွင်းခွင့် ရှိသည့် ပုဂ္ဂိုလ်များ၊ မူလတရားရုံး တစ်ရုံးမှအမှုတစ်မှုကို စစ်ဆေးစီရင် ဆဲကာလအတွင်း ဥပဒေတစ်ရပ် ရပ်ပါ ပြဋ္ဌာန်းချက်အပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်ညီညွတ်မှု ရှိမရှိ အငြင်းပွားမှု ဖြစ်ပေါ်ပါက အခြေခံ ဥပဒေဆိုင်ရာခုံရုံးသို့ သတ်မှတ် နည်းလမ်းများနှင့်အညီ အဆုံး အဖြတ်ရယူရန်အကြောင်းအချက် များနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာခုံရုံးက ရင်ဆိုင်တွေ့ကြုံ လျက်ရှိသည့် စိန်ခေါ်မှုများစသည့် အကြောင်းအရာများ ပါဝင်သည်။ ထို့အတူ အာရှဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ တရားရုံးများနှင့် အဆင့်တူအဖွဲ့အစည်းများအသင်း (AACC) အဖွဲ့ဝင်နိုင်ငံများမှ ဥပဒေ ပညာရှင်များကလည်း စာတမ်းများ ဖတ်ကြားခဲ့ပြီး အသိအမြင် အတွေ့အကြုံ ဗဟုသုတများကို ဖလှယ်ခဲ့ကြသည်။

သတင်းစဉ်