နေပြည်တော် နိုဝင်ဘာ ၁၁
တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ လတွင် စတင်ဖော်ဆောင်ပြီး နောက် စီမံကိန်းအဖွဲ့သည် ကပ်ရောဂါ ထိခိုက်မှုကို ကျော်ဖြတ်၍ ယာယီအဆောက် အအုံ တည်ဆောက်မှု၊ မြေဖို့မှု များကို လုပ်ဆောင်ပြီးဖြစ်သည်။ မိုးရာသီ ပြီးဆုံးသွားသည်နှင့်အမျှ စီမံကိန်းအဖွဲ့က တည်ဆောက်မှု အရှိန်မြှင့်တင်ပြီး ဆောက်လုပ် လျက်ရှိသည်။ အဆိုပါ စီမံကိန်းသည် မြေဧရိယာ စတုရန်းမီတာ ရှစ်သောင်းရှိပြီး အဆောက်အအုံ ဧရိယာသည် စတုရန်းမီတာ တစ်သောင်း ရှစ်ထောင်ရှိကာ CDC အဆောင်၊ လေ့ကျင့်ရေးသင်တန်း ကျောင်းအဆောင် အုပ်ချုပ်ရေးရုံး အဆောင်၊ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းတို့ပါဝင်ပြီး လက်တွေ့ စမ်းသပ်ခန်း စက်ပစ္စည်းများ တွဲဖက်တပ် ဆင်ထားကာ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဇီဝ ဘေးကင်းမှု အဆင့်သုံး (P3) လက်တွေ့စမ်းသပ်ခန်းဖြစ်သည်။
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး Mr. Chen Hai က နိုဝင်ဘာ ၁၀ ရက်တွင် နေပြည် တော်သို့ သွားရောက်လေ့လာခဲ့သည်။ စက်ပစ္စည်းများ အပြင် ပွင့်လင်းရာသီ၌ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းတည်ဆောက်မှုအရှိန်မြှင့်တင်သွားမည် ၊ တရုတ်နိုင်ငံက နှစ်နှစ်တာ နည်းပညာ ပူးပေါင်းဆောင်ရွက် မှုပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေး ဝန်ထမ်းနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်မွေးထုတ် ပေးသွားမည်ဖြစ် ကြောင်း သိရသည်။ CDC စီမံကိန်း ဖော်ဆောင် ပြီးစီးပြီးနောက် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး၊ သိပ္ပံသုတေသနနှင့် လူရည်ချွန် မွေးထုတ်ရေးစသည့် အပိုင်းများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကာ တရုတ်မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ရေးအတွက်ပြယုဂ် အသစ်တစ်ခု ဖြစ်လာမည်ဖြစ် ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။
ခင်ရတနာ