Apr 07, 2022
(၆-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၇-၄-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၄,၂၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၅၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၃၇) ရာခိုင်နှုန်း ရှိပါသည်။
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သတ္တမနေ့ကို ယနေ့ နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပထဝီဝင်ဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၅၄၇၄၃ ဦး ရှိကြောင်း သိရသည်။
Apr 07, 2022
နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှုများကို ယနေ့နံနက်ပိုင်းတွင် ကရုဏာကမ္ဘာဘိုးဘွားရိပ်သာမှ ဒုတိယဥက္ကဋ္ဌ(၂) ဗိုလ်ချုပ်သိန်းထွန်း (အငြိမ်းစား)ဦးဆောင်သည့် အဘိုးအဘွားများ သွားရောက် လေ့လာကြည်ညိုကြသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့တွင် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိ
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဘောဂဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၂၀၉၃၉၃ ဦးရှိကြောင်း သိရသည်။
Apr 07, 2022
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇီဝဗေဒဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၆၉၅၈၅ ဦးရှိကြောင်း သိရသည်။
Apr 07, 2022
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့နံနက်ပိုင်းတွင် စစ်ဗျူဟာမှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ခန္တီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုကို သွားရောက်ကြည့်ရှုပြီး ဖြေဆိုပြီးသော ကျောင်းသား ကျောင်းသူများနှင့် မိဘများအား တွေ့ဆုံအားပေးသည်။
Apr 07, 2022
တပ်မတော်(ကြည်း) ဗိုလ်သင် တန်းကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂၅) ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်း က ဗထူးတပ်မြို့ရှိ အဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူး ခန့်ထားရေး ခန်းမဆောင် (Commissioning Hall) ၌ ကျင်းပရာ ကာကွယ်ရေးဦးစီး ချုပ်ရုံး(ကြည်း)မှ စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လင်းအောင်၊ ဒုတိယတပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဗိုလ်ချုပ် အောင်မျိုးသန့်၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဇော်ဝင်းနှင့် ကျောင်းဆင်း ဗိုလ်လောင်းများ တက်ရောက်ကြသည်။
Apr 07, 2022
မြန်မာ့နှစ်သစ်ကူးရုံးပိတ်ရက်ဖြစ်သော ဧပြီ ၉ ရက်မှ ၁၇ ရက်အထိ အများပြည်သူနှင့် နိုင်ငံ့ဝန်ထမ်းများ သွားလာမှုအဆင်ပြေ ချောမွေ့စေရန် နေပြည်တော်-ရန်ကုန် သင်္ကြန်အထူးရထားအား မြန်မာ့မီးရထားမှ ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဇနီး ဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ် ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း) ဗထူးတပ်မြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 07, 2022
တပ်မတော် (ကြည်း) ဗိုလ်သင်တန်း ကျောင်း (ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်း ဆင်း ဂုဏ်ပြုစစ်ရေးပြ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်မြို့ တပ်မတော် (ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) စစ်ရေးပြကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်မိန့်ခွန်း ပြောကြားသည်။
Apr 07, 2022
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၅) သီဟတပ်ခွဲ သင်တန်းဆင်း ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ဗထူးမြို့၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)၊ စစ်ရာထူးခန့်ထားရေး ခန်းမဆောင်၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သရေစည်သူ စိုးဝင်း တက်ရောက်ချီးမြှင့်သည်။
Apr 07, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် တာဝန် ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Marie Faulkner အား ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
Apr 07, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအမတ်ကြီး H.E. Mr. Vinay Kumar သည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ ၎င်း၏သံအမတ်ခန့်အပ်လွှာကို ပေးအပ်သည်။
Apr 07, 2022
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် စတင်ဖွဲ့စည်းစဉ်အချိန်မှစ၍ ကမ္ဘာ့နိုင်ငံများ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်မှု၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး တို့အတွက် ရည်ရွယ်ဖွဲ့စည်းထားသော နိုင်ငံအားလုံးကို ကိုယ်စားပြုသည့်အဖွဲ့အစည်း ဖြစ်ပါသည်။ ကုလသမဂ္ဂအဖွဲ့ကြီး၏ မွန်မြတ်သော ရည်ရွယ်ချက်များနှင့်အညီ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့များသည် ကမ္ဘာ့နိုင်ငံများ၏ အရေးအရာကိစ္စများကို တော်တည့်မှန်ကန်စွာ ဆောင်ရွက်မည်ဟု ယုံကြည်ထားပါသည်။
Apr 07, 2022
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု အခြေအနေမှာ နေ့စဉ်ဓာတ်ခွဲစမ်းသပ်မှုများမှ ပိုးတွေ့လူနာသစ်တွေ့ရှိမှု (၁) ရာခိုင်နှုန်းအောက်သို့ ရောက်ရှိလာနေသည်ကို တွေ့ရသည်။ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ရပ်အထိ ထိန်းချုပ်နိုင်ပြီ ဖြစ်သည့်အလျောက် လာမည့်သင်္ကြန်ပွဲတော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပရန် ခွင့်ပြုထားပြီးဖြစ်သကဲ့သို့ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်(ဧပြီ ၁၇ ရက်)မှစ၍ ရုပ်ရှင်ရုံများ ပြန်လည်ဖွင့်လှစ်ပြသနိုင်ရန်၊ ပြည်တွင်းပြည်ပခရီးသွားလာမှုများကို ခွင့်ပြုသွားရန်တို့အတွက်လည်း စီစဉ်ဆောင်ရွက်လျက်ရှိသည်။
Apr 06, 2022
နေပြည်တော် ဧပြီ ၆
Apr 06, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အနာဂတ်မျိုးဆက်သစ် ပညာတတ်လူငယ်များ မွေးထုတ်ရေးသည်လည်း အဓိကကျသည့် အခန်းကဏ္ဍတွင် ပါဝင်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ခေတ်မီဒီမိုကရေစီနိုင်ငံတော်ကို ပညာရေးဖြင့် မြှင့်တင်တည်ဆောက်ရန် အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့ကြောင့် လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် တစိုက်မတ်မတ် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါကြောင့် ခေတ္တပိတ်ထားရသည့် အခြေခံ ပညာကျောင်းများကို ကျောင်းသား၊ ကျောင်းသူများ၏ စာသင်နှစ်နစ်နာမှုမရှိစေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီး လက်ရှိတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကိုလည်း စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိသည်။