Skip to main content

Apr 06, 2022

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကြီးမှူး၍ ၂၀၂၂ ခုနှစ် (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဧပြီ ၂၂ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီတစ်ခု၊ ယာဉ်စီးရေတစ်စီးဖြင့် နှာခေါင်းစည်း Disposable Mask သုံးတန်ကို တင်သွင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား အစားအစာ ဘေးအန္တရာယ် ကင်းရှင်းစေရေးဆိုင်ရာ သတင်းအချက်အလက်များဖလှယ်ခြင်း၊ ညွှန်ကြားချက်များ ထုတ်ပြန်ခြင်းနှင့် စပ်လျဉ်းသည့် အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာ လှုံ့ဆော်မှုစနစ် ( ASEAN Rapid Alert System for Food and Feed-ARASFF) ဆိုင်ရာ လက်ရှိဆောင်ရွက်နေသည့် ကိစ္စရပ်များ၊ ကြုံတွေ့ရသည့် အခက်အခဲများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များအား ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ASEAN အဖွဲ့ဝင်နိုင်ငံများမှ အိမ်ရှင်နိုင်ငံအဖြစ် အက္ခရာစဉ်အတိုင်း နှစ်စဉ်အလှည့်ကျ လက်ခံကျင်းပ ဆောင်ရွက်လျက်ရှိရာ အာဆီယံအစားအစာနှင့် တိရစ္ဆာန်အစာ ဘေးကင်းလုံခြုံရေးဆိုင်ရာ လျင်မြန်စွာလှုံ့ဆော်မှုစနစ် (၉)ကြိမ်မြောက် National Contact Points နှင့် (၇)ကြိမ်မြောက် Steering Committee အစည်းအဝေးများကို ဧပြီ ၄ ရက်နှင့် ၅ ရက်တို့တွင် မြန်မာနိုင်ငံမှ အိမ်ရှင်နိုင်ငံအဖြစ် အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ အစီအမံများနှင့်အညီ ရုပ်ရှင်ရုံများ ပြန်လည်ပြသရေးအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူများနှင့် ရုပ်ရှင်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ပြည်ထောင်စုနယ်မြေ နေပြည်တော်ဧရိယာအတွင်း လယ်ယာသားငါးထုတ်လုပ်မှု တိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးအခြေခံသော တန်ဖိုးမြင့်ကုန်ချော ထုတ်လုပ်မှု ဖွံ့ဖြိုးလာရန် ပုဂ္ဂလိကကဏ္ဍရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဆောင်ရွက်ရေးအတွက် လိုအပ်သောအားပေး ကူညီမှုများဆောင်ရွက်ပေးနိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် တာဝန်ရှိသူများသည် ဧပြီ ၃ ရက်က လယ်ဝေးမြို့နယ် ပြောင်ခေါင်းကြီး မွေးမြူရေးဇုန်အတွင်း ဥစားကြက်၊ အသားစားကြက်များ မွေးမြူထားရှိမှုကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူများ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ဧပြီ ၄ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းနှင့်အတူ ဝိုင်းမော်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်းများနှင့် တွေ့ဆုံကာ မြစ်ကြီးနားမြို့ ကိုယ်ပွားသတင်းစာတိုက်ကို သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တပ်မတော်(ကြည်း)၊ တိုက်ခိုက်ရေးကျောင်း(ဗထူး)သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် ဗထူးတပ်နယ်မှ သင်တန်းနည်းပြများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများအား တပ်မတော်(ကြည်း) တိုက်ခိုက်ရေးကျောင်း(ဗထူး) အောင်ဆန်းခန်းမ၌တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ပဲခူးမြို့နယ်ဘုရားကြီးမြို့၌ ငွေကျပ်သိန်း ၇၄၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ် ဆေးပြား ၄ ဒသမ ၉ သိန်းကျော် သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဧပြီ ၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် ရှမ်းပြည်နယ် ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ တရားဝင်စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့် စိုက်ပျိုးရေးသုံးပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၇၆၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် ၁၂ ဘီးကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၅၀၀၀၀၀၀) စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ်၂၁၈၇၆၀၀၀၀ သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်ဥပဒေနှင့်အညီ ခနအရေးယူ ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာတစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့်ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို သိကြပြီးဖြစ်သည်။ ယမန်နေ့ကလည်း မထင်မှတ်ဘဲ မိုးသက်လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 06, 2022

ယဉ်ကျေးမှုဟူသော ဝေါဟာရမှာ အနက်အဓိပ္ပာယ်များပြား ကျယ်ဝန်းလှသည်။ မြန်မာအဘိဓာန် ဖွင့်ဆိုချက်တွင် သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကားလာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့ထုံးတမ်းဟူ၍ ပြထားသည်။ အဘိဓာန်ပါ အဓိပ္ပာယ် ဖွင့်ဆိုချက်များအရ ယဉ်ကျေးမှုဟူသည် လူအချို့ ယူဆလေ့ရှိကြသလို ခေတ်နောက်ကျန် အဟောင်းအမြင်းများ၊ အတိတ်မှာ ကျန်နေခဲ့သော အရာများမဟုတ်ဘဲ ခေတ်နှင့်အညီ လိုက်ပါတိုးတက်ပြောင်းလဲနေသည့် တန်ဖိုးထားအပ်သော အရာဟူ၍ ဆိုရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

၂၀၂၁-၂၀၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၃၁ ရက်မှ စတင်ကျင်းပလျက်ရှိရာ ယနေ့တွင် ရူပဗေဒဘာသာရပ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ဖြေဆိုလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကအခြေခံကျသော ပညာရေးကဏ္ဍ မြင့်မားရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်ဘဝ သာယာလှပစေရေးတို့အတွက် နိုင်ငံတော်အစိုးရအနေဖြင့် အစွမ်းကုန်ကြိုးပမ်းလျက်ရှိပြီး ကျောင်းသား၊ ဆရာ၊ မိဘတို့ကလည်း ကျရာအခန်းကဏ္ဍတို့တွင် ဝမ်းပန်းတသာ ပါဝင်ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် အခြေခံပညာ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် အတန်းပညာရပ်များကို အောင်မြင်စွာ သင်ကြားနိုင်ခဲ့ပြီး အဆင့်မြင့်ပညာ ဆက်လက်သင်ကြားနိုင်ရန် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုလည်း အောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန ဆေးတက္ကသိုလ်များနှင့် ဆေးပညာနှီးနွယ်တက္ကသိုလ်များတွင် ၂၀၂၂ ပညာသင်နှစ် ဘွဲ့လွန်ဆေးပညာ သင်တန်းများဖွင့်လှစ်ရန် "ဘွဲ့လွန်ဆေးပညာ သင်ကြားရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၂)"ကို ယနေ့ နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်