Skip to main content

Apr 05, 2022

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော မိုးကောင်းရတနာ မိခင်နှင့်ကလေးဆေးခန်း (ဘောက်ထော်)သို့ရောက်ရှိကြပြီး ပြင်ပလူနာဌာန၌ လာရောက်ပြသသည့် ပြင်ပလူနာများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်တင်တင်ရီအား PDF အမည်ခံအကြမ်းဖက် သမားများက သေနတ်ဖြင့် ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ တောနော်ရေတံခွန်၏ အရှေ့မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာနေရာ၌ ကုန်တင်ယာဉ်များအား မီးရှို့ထားကြောင်းနှင့် ယာဉ်များ ပိတ်ဆို့နေကြောင်း သတင်းအရ နယ်မြေလုံခြုံရေး ဆောင်ရွက်‌နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် ၉ နာရီခန့်တွင် သွားရောက်၍ လုံခြုံရေး လုပ်ငန်းများနှင့် ဆက်သွယ်ရေးလမ်းကြောင်းများ ပုံမှန်သွားလာနိုင်ရေး ဆောင်ရွက်ပေးစဉ် တောနော်ရေတံခွန်၏ အရှေ့တောင် ဘက်မီတာ ၉၀၀ ခန့်အကွာနေရာမှ KKO ခွဲထွက်အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့်က လက်ဖြောင့်သေနတ်များ အပါအဝင် လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ချောင်းမြောင်း နှောင့်ယှက်ပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက် အဖွဲ့များသည် တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်နေချိန်တွင် ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ စားသောက်ရေးကို အထောက်အကူဖြစ်စေရန်အတွက် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်၊ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦးနှင့်

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီးသည် ဧပြီ ၂ ရက် နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းမြို့နယ်ရှိ စိုက်ပျိုးရေး သုတေသနဦးစီးဌာန၊ တပ်ကုန်း သုတေသနခြံ၌ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ဧပြီ ၃ ရက်တွင် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၁၂/၂၀၂၂) နှင့် စပ်လျဉ်း၍ နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်း (AD) လိုင်စင်ရဘဏ်များ တိကျစွာ လိုက်နာဆောင်ရွက်ရေး ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများ ဌာနတွင်း လူ့အခွင့် အရေး အသိပညာပေးသင်တန်း အမှတ်စဉ် (၂/၂၀၂၂) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် ကော်မရှင်ရုံး Conference Room ၌ ကိုဗစ်-၁၉ ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနသည် Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားမှုကို ယာယီရပ်ဆိုင်း ထားရာမှ ခွင့်ပြုချက်ဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁ ရက်မှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ပြန်လည် ခွင့်ပြုဆောင်ရွက်လျက်ရှိရာ ခရီးသွားများ အဆင်ပြေစွာ လျှောက်ထားဆောင်ရွက်နိုင်ရေးအတွက် Online e-Visa ထုတ်ပေးခြင်းဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် အဖွဲ့ဝင်များလိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် ဗထူးတပ်မြို့ရှိ တိရစ္ဆာန်မွေးမြူရေးနှင့် လေ့ကျင့်ရေးတပ်ရင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီချုပ်၊ ကာကွယ်ရေးဦးစီချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဉီးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်နယ်ရှိ တပ်မတော်(ကြည်း) အရာခံနှင့် အကြပ်ကြီးသင်ကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ညီညွတ်ခြင်းသည် ဘေးအန္တရာယ် ကင်းရှင်းချမ်းသာခြင်းကို ဖြစ်စေပါသည်။ “နွားကွဲလျှင် ကျားဆွဲ” ဆိုသကဲ့သို့ စည်းလုံးညီညွတ်မှုပျက်ပြားသည်နှင့် ဘေးအန္တရာယ်များ ကျရောက်လာတတ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်များ မကျရောက်စေရန်အတွက် အသိုက်အမြုံတစ်ခုအတွင်း ညီညွတ်ခြင်းကို ခိုင်ခိုင်မာမာ တည်ဆောက်ထားကြရမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Apr 05, 2022

ရန်ကုန်မြို့ရှိ စာပေတိုက်တစ်တိုက်မှ ထုတ်ဝေသည့် စာအုပ် တစ်အုပ်နှင့်စပ်လျဉ်း၍ ပြည်သူလူထုအတွင်းမှ ဝေဖန်ကန့်ကွက် ရှုတ်ချမှုများ ပေါ်ထွက်လျက်ရှိသည်။ လူမှုကွန်ရက်စာမျက်နှာများ ပေါ်တွင်လည်း အဆိုပါစာအုပ်၏ မျက်နှာဖုံးပုံ၊ စာအုပ်ကိုဝယ်ယူရန်အတွက် စာပေတိုက်ရှေ့တွင် အမျိုးသမီးငယ် အများအပြား ပါဝင်သည့် တန်းစီနေသူများ စသည့်ပုံများတင်ထားသည်ကို တွေ့ရှိရပြီး မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့လူ့အဖွဲ့အစည်းကို အန္တရာယ်ဖြစ်စေမည့် စာအုပ်ဖြစ်ကြောင်း ဝေဖန်သုံးသပ်ချက်များ ကိုလည်း တွေ့ရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် နိုင်ငံတော်အတွင်း တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်နှင့် ပြည်သူလူထုအကြား စိုးရိမ်ထိတ်လန့်မှုဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ဌာနဆိုင်ရာ အဆောက်အဦများ၊ လမ်းတံတားများနှင့် စာသင်ကျောင်းများအား အကြမ်းဖက် ဖောက်ခွဲမှုများပြုလုပ်ခြင်း၊ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းနှင့် နိုင်ငံ့ဝန်ထမ်းများအား ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိသည့်အပြင် ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးများ၏ အထွဋ်အမြတ်ထားရာ သာသနာပိုင်အဆောက်အဦများကိုပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင် ဖောက်ခွဲခြင်းနှင့် ရဟန်းသံဃာတော်များအား ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ခြင်းများအား စိတ်နှလုံး ညှိုးနွမ်းဖွယ် ရက်စက်စွာ ပြုလုပ်နေကြသည်ကို တွေ့ရှိရပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် ကဏ္ဍ တစ်ခုတွင်ပါဝင်သော ပညာရည်မြင့်မားရေး၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Apr 04, 2022

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့အတွင်း၌ ဧပြီ ၃ ရက်၊ နေ့လယ်ပိုင်းတွင် လေပြင်းတိုက်ခိုက်မှုကြောင့် ကျေးရွာများရှိ နေအိမ်များပြိုကျ ပျက်စီးခဲ့ပြီး အမိုးလန် ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း၊ တပ်ဖွဲ့များမှ နယ်မြေခံတပ်မတော်သားများက ဌာနဆိုင်ရာ ဝန်ထမ်းများက ယနေ့တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးသည်။

ဆက်လက်ဖတ်ရှုရန်