Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်း

နေပြည်တော်  စက်တင်ဘာ ၈

ပြည်ထောင်စုအစိုးရအဖွဲ့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်များ ထပ်ဆင့်ရှင်းလင်းဆွေးနွေးခြင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပသည်။

ကျင်းပပြီးစီးခဲ့သည့် ပြည်ထောင်စုအစိုးရအဖွဲ့ ခြောက်လတာကာလ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များက ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က ထပ်ဆင့်ရှင်းလင်းမှာကြားပြီး ညွှန်ကြားချက်များအပေါ် ပြည်ထောင်စုရာထူး ဝန်အဖွဲ့အနေဖြင့် လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်ရန်စီမံထားရှိမှု အခြေအနေများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ကွပ်ကဲမှုအောက်ရှိ ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများနှင့် တက္ကသိုလ်များအလိုက် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန် လျာထားခြင်းများ၊ ပြည်ထောင် စုရာထူးဝန်အဖွဲ့၏ လုပ်ငန်းတာဝန်များအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ ဆွေးနွေးမှာကြားသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များ ဖြစ်သည့် ဦးစစ်အေး၊ ဦးဆန်းမြင့်၊ ဒေါ်ခင်မျိုးမြင့်၊ ဦးစိုးတင့်၊ သူရဦးဘိုနီနှင့် ဥက္ကဋ္ဌရုံးအဖွဲ့၊ ဦးစီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များမှ ပါမောက္ခချုပ်များက ၂၀၂၂ ခုနှစ်၊ ခြောက်လပတ်လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်ထောင်စုရာထူးဝန် အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

 (သတင်းစဉ်)