Skip to main content

အကြမ်းဖက်သမားများက ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေး တာဝါတိုင် ၁ ခုအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီး၊ လောပိတ - တီကျစ် မဟာဓာတ် အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်

နေပြည်တော် စက်တင်ဘာ  ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာ၊ ပေါ်ဦးရပ်ကွက်အနီးရှိ ဓာတ်အားပေးတာဝါ တိုင် ၁ ခု အား စက်တင်ဘာ ၆ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်တွင် အကြမ်းဖက်သမားများက မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့မှုကြောင့် တာဝါတိုင် အမှတ်(၁၃၀) လဲကျပျက်စီးခဲ့ပြီး မဟာဓာတ်အားလိုင်းမှူးရုံး(လွိုင်ကော်)မှ တာဝန်ယူ ထိန်းသိမ်းရသော ၁၃၂ ကေဗွီ လောပိတ - တီကျစ် မဟာဓာတ်အားလိုင်း ဓာတ်အား ပို့လွှတ်မှု ပြတ်တောက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက်သမားများ၏ မိုင်းထောင်ဖောက်ခွဲမှုကြောင့် ပျက်စီးလျက်ရှိသော တာဝါတိုင်များအား ပြန်လည်ပြုပြင်နိုင်ရေး သက်ဆိုင်ရာဌာနမှ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။