Skip to main content

Mar 01, 2023

ရခိုင်ပြည်နယ်သည် ရိုးမတောင်တန်းကြီးနှင့် မြစ်ချောင်းအင်းအိုင်၊ ကျွန်းကြီး ကျွန်းငယ်များဖြင့် ရာသီဥတုကောင်းမွန်သောပြည်နယ်ဖြစ်သည်။ ရေခံမြေခံကောင်းများကို ပိုင်ဆိုင်ထားပြီး သဘာဝသယံဇာတများလည်း ပေါများကြွယ်ဝသည်။ ရှည်လျားပြီးသာယာလှပသည့် ပင်လယ်ကမ်းရိုးတန်းနှင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များရှိသည့်ပြည်နယ်ကို တည်ငြိမ်အေးချမ်းဖွံ့ဖြိုး တိုးတက်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။

ဆက်လက်ဖတ်ရှုရန်

Mar 01, 2023

အုန်းသီးနှင့် အခြားဆက်စပ်ထုတ်ကုန်များ ပြည်ပသို့တင်ပို့မှုမှ နှစ်စဉ်အမေရိကန် ဒေါ်လာသန်း ၁၀၀၀ ရရှိရန် ဗီယက်နမ်နိုင်ငံက မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားသည့် ဖေဖော်ဝါရီ ၂၇ ရက်က ဆင်ဟွာသတင်းဌာန၏ သတင်းတစ်ပုဒ်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။ အဆိုပါသတင်းတွင် ဗီယက်နမ်နိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်းက အုန်းအခြေခံအစားအစာ ၂၀၀ ခန့်ကို တီထွင်ခဲ့ကြောင်း၊ မိရိုးဖလာထုတ်ကုန်များအပြင် ပြုပြင်ထုတ်လုပ်သည့် ကုမ္ပဏီများသည် အုန်းပင်ထွက် သစ်သားများ၊ အုန်းမှုတ်ခွံနှင့် အုန်းဆံမျှင်ကဲ့သို့သော အခြားအုန်းအခြေခံထုတ်ကုန်များကို ဈေးကွက်သို့ တင်ပို့ခြင်းမှ ဝင်ငွေတိုးတက်မည့် အလားအလာကောင်းများ ရှိကြောင်းလည်း ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

Online အခြေပြုလောင်းကစားလုပ်ငန်းများ၊ ကံစမ်းမဲဖောက်လုပ်ငန်းများနှင့် တရားမဝင် ချေးငွေလုပ်ငန်းလုပ်ကိုင်နေသူ ဒုစရိုက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးဆိုင်ရာ အထောက်အကူပြုမှတ်တမ်းများနှင့် နည်းပညာဆိုင်ရာအချက်အလက်များအား အခြေပြု၍စောင့်ကြည့်ကာ စုံစမ်းစစ်ဆေးဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ကွင်းဆက်မပြတ် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

လူမှုရေးပညာမဟာဌာန (Faculty of Social Work) ဖွဲ့စည်းတည်ထောင်ပြီး လူမှုရေးပညာ ဘွဲ့ဒီဂရီပေးအပ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင် ရွက်လျက်ရှိကြောင်း၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် လူမှုရေးပညာဘာသာရပ် ပထမနှစ် သင်တန်း စတင်ဖွင့်လှစ်မည်ဖြစ်ပြီး လူမှုရေးပညာဘွဲ့(Bachelor of Social Work) ပေးအပ် သွားမည်ဖြစ်သည့်အတွက် အဓိကကျသော ပထမနှစ် သင်ရိုးညွှန်းတမ်း အတည်ပြုသတ်မှတ် ပေးနိုင်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်က ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၇-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၈-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၅,၅၀၀) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၄) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၇) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

(၆၁)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဂွေးပင်စံပြကျေးရွာ စနစ်ကျလယ်ယာမြေ ၇၉ ဒသမ ၈၈ ဧက ဖော်ထုတ်ခြင်းလုပ်ငန်း အောင်မြင်စွာပြီးစီး၍ တောင်သူများထံပြန်လည်ပေးအပ်ခြင်း၊ ပေါက်ပင်သာ-ဂွေးပင် ရွာအဝင်လမ်းနှင့် ရွာတွင်းလမ်းဖွင့်လှစ်ခြင်း၊ ရှားတောယာယီရေထိန်းဆည်မှ ဆိုလာစနစ်ဖြင့် ရေစတင်ပေးဝေခြင်းအခမ်းအနားများကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ တပ်ကုန်းမြို့နယ်ရှိ သတ်မှတ်နေရာများတွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

အကြမ်းဖက်မှုပပျောက်ရေးအတွက် ပြည်သူသို့အသိပေးနှိုးဆော်ချက်

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်တို့ပူးပေါင်း၍ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်သည့် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးမွမ်းမံသင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၁)၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကိုကိုသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉ နာရီတွင် Myanmar Arts Center ၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဂန္ဓကုဋိတိုက်များတွင်ထားရှိမည့် ပန်းချီကားများ ရေးဆွဲနေမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများနှင့် ပန်းချီပညာရှင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက ပန်းချီရေးဆွဲမှုအကြောင်းအရာ နည်းစနစ်များနှင့်ပတ်သက်၍ ဆွေးနွေးမေးမြန်းကာ ပန်းချီကားများအချိန်မီပြီးစီးရေးနှင့် လိုအပ်ချက်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် သံတွဲခရိုင်လျှပ်စစ်အင်ဂျင်နီယာရုံး ခရိုင်နှင့် မြို့နယ်များမှ ဝန်ထမ်းများနှင့်တွေ့ဆုံပြီး မွန်းလွဲပိုင်းတွင် ၆၆/၁၁ ကေဗွီ သံတွဲဓာတ်အားခွဲရုံသို့သွားရောက်၍ ဓာတ်အားဖြန့်ဖြူးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်သည် နိုင်ငံတော်၏ ပကတိအခြေအနေများအပေါ်မူတည်၍ နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားဖြစ်ထွန်းလာရေးကို ရှေးရှုချမှတ် ဖော်ဆောင်နေသော လုပ်ငန်းစဉ်များဖြစ်သည်။ နိုင်ငံကိုတာဝန်ယူဆောင်ရွက် နေသောကာလအတွင်း အစ၊ အလယ်၊ အဆုံးသုံးပါးစလုံးအတွက် မမှိတ်မသုန်ခံယူ ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Feb 28, 2023

သတ္တလောကကြီးတွင် လူနှင့်အတူ တိရစ္ဆာန်များနှင့် အခြားသက်ရှိဇီဝများလည်း အမြောက်အမြားရှင်သန်နေထိုင်ကြရာ လူနှင့်တိရစ္ဆာန်များအကြားတွင် ထင်မှတ်မထားဘဲ ပေါ်ထွက်လာသည့်ရောဂါအသစ်အဆန်းများက လူသားထုတစ်ရပ်လုံးကို မကြာခဏဆိုသလိုခြိမ်းခြောက်လျက်ရှိသည်။ ၂၁ ရာစုသို့အဝင် လွန်ခဲ့သည့်နှစ်ပေါင်း ၂၀ ကျော်ကာလအတွင်း ဖြစ်ပွားခဲ့သည့်အထိတ်တလန့်ဖြစ်ဖွယ်ရောဂါများ၏ ၇၅ ရာခိုင်နှုန်းမှာ တိရစ္ဆာန်မှလူသို့ကူးစက်သော ရောဂါများဖြစ်သည်။ ကမ္ဘာ့လူဦးရေတိုးပွားလာခြင်း၊ ကမ္ဘာတစ်ဝန်းသို့ လူနှင့်ကုန်စည်များ အမြောက်အမြား လျင်မြန်စွာကူးသန်းသွားလာနိုင်ခြင်း၊ သဘာဝပတ်ဝန်းကျင်ပျက်စီးယိုယွင်းခြင်းနှင့် ရာသီဥတုပြောင်းလဲလာခြင်းတို့က တိရစ္ဆာန်မှ လူသို့ကူးစက်တတ်သောရောဂါများ (Zoonosis)တို့ ပေါ်ထွက်လာရခြင်း၏ အခြေခံအကြောင်းရင်းများ ဖြစ်သည်ဟုဆိုသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများထုတ်ပြန်ပြီးသည့်နောက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ နိုင်ငံရေးပါတီတည်ထောင်လိုသော ရှမ်းနှင့် တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ သည်လည်းကောင်း၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုသော တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနှင့် ရခိုင့်ဦးဆောင်ပါတီ [Arakan Front Party (AFP)] တို့သည်လည်းကောင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ယနေ့တွင် လာရောက်လျှောက်ထားခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး(MSME) လုပ်ငန်းရှင်များအား စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

နိုင်ငံတော်အစိုးရမှ အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသည့် CRPH ၊ NUG နှင့် PDF အမည်ခံအကြမ်းဖက်အုပ်စုများသည် ပြည်သူအတွက်ဟုသုံးနှုန်း၍ ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ လုယက်ခြင်းများအား ဥပဒေမဲ့ကျူးလွန်လျက်ရှိသည်။ ထို့အပြင် CRPH နှင့် NUG တို့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့်ချိတ်ဆက်၍ လက်နက်/ခဲယမ်းများဝယ်ယူကာ PDF အမည်ခံအကြမ်းဖက်သမားများအားထောက်ပံ့၍ အပြစ်မဲ့ပြည်သူများအပေါ် ခြိမ်းခြောက်ခြင်း၊ လူသတ်ခြင်းနှင့် အဖျက်အမှောင့်လုပ်ငန်းများ လုပ်ဆောင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Feb 27, 2023

ထိုင်းဘုရင့်တပ်မတော်နေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယ‌နေ့ညပိုင်းတွင် ရန်ကုန်မြို့၊ ပြည်လမ်းရှိ နိုဗိုတယ်ဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်