နေပြည်တော် အောက်တိုဘာ ၁၅
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆောက်လုပ်ရေးနှင့် အိုးအိမ်ဝန်ကြီးဌာန၏ ဖိတ်ကြားမှုအရ စိန့်ပီတာစဘတ်မြို့တွင် အောက်တိုဘာ ၁၇ ရက်မှ ၂၀ ရက်အထိကျင်းပမည့် “တတိယ အကြိမ် World Construction Championship”သို့ တက်ရောက်ရန် ယနေ့နံနက်ပိုင်းက လေကြောင်းခရီးဖြင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ထွက်ခွာ သွားသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှထွန်းဦးနှင့် တာဝန်ရှိသူတို့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်မြို့တွင် ကျင်းပမည့် “တတိယအကြိမ် World Con-struction Championship” သို့ ဖိတ်ကြားထားသည့် နိုင်ငံတကာမှ ဆောက်လုပ်ရေးဝန်ကြီးများ၊ ဆောက်လုပ်ရေးစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်သည့် နယ်ပယ်များမှ ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်