Mar 03, 2023
အာဆီယံနိုင်ငံများ၏ သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေး လမ်းညွှန်ချက်များ ထုတ်ပြန်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ Borobudur ဟိုတယ်၌ မတ် ၂ ရက်မှ ၃ ရက်အထိ ကျင်းပမည်ဖြစ်သည်။
Mar 03, 2023
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမအစည်းအဝေး တတိယနေ့ကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ ကျင်းပသည်။
Mar 03, 2023
နိုင်ငံတော်၏ စီးပွားရေးဦးတည်ချက်(၄)ရပ်အနက် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုကို ခေတ်မီနည်းစနစ်များဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ပြီး အခြားစီးပွားရေး ကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက် အောင်တည်ဆောက်ရေး”နှင့် “သွင်းကုန်အစားထိုးရန်နှင့် ပို့ကုန်မြှင့်တင်နိုင်ရေး ဒေသထွက်ကုန်ကြမ်းများကို အခြေခံသည့် အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်း (MSME) များကို ရေရှည်အာမခံချက်ရှိအောင် အားပေးကူညီပြီး နိုင်ငံတော်၏ ထုတ်ကုန်များစွာထုတ်လုပ်နိုင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ဖော်ဆောင်ရေး” ဦးတည်ချက်ကို အကောင်အထည်ဖော်လျက်ရှိသည်။
Mar 03, 2023
ပစ္စက္ခမြန်မာ့ပညာရေးကို သရုပ်ခွဲကြည့်လျှင် အလင်းခြမ်းနှင့် အမှောင်ခြမ်းဟူ၍ နှစ်ပိုင်းတွေ့နိုင်သည်။ အလင်းခြမ်းတွင် အခြေခံပညာကျောင်းများ မူလတန်းနှင့်အလယ်တန်းတို့ နှစ်ဆုံးစာမေးပွဲများ အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြပြီ ဖြစ်သည်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသားကျောင်းသူ များမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ထုတ်ယူနေကြပြီဖြစ်သည်။
Mar 03, 2023
ကမ္ဘာလုံးဆိုင်ရာ အင်တာနက်နည်းပညာလုပ်ငန်းကြီးဖြစ်တဲ့ ဂူဂဲလ်(Google)ဟာ သတင်းအချက်အလက်နဲ့ နည်းပညာဆိုင်ရာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိတဲ့ လုပ်ငန်းဆောင်တာတွေကို တစ်ကမ္ဘာလုံးလွှမ်းခြုံကာ အချိန်နဲ့အမျှဆောင်ရွက်ပေးလျက်ရှိပါတယ်။
Mar 02, 2023
ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဂွမြို့နှင့်ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၉၁ ဦးအား ၎င်းမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော်၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
Mar 02, 2023
အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။
Mar 02, 2023
နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Online မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ခြင်း၊ လောင်းကစားခြင်းကို ဗန်းပြ၍ ငွေကြေးလိမ်လည်မှုကျူးလွန်ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိပါသည်။
Mar 02, 2023
ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂-၃-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၀၄၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၀) ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်း မှာ (၀.၂၅) ရာခိုင်နှုန်း ရှိပါသည်။
Mar 02, 2023
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်သည် ယနေ့ နံနက်ပိုင်းတွင် မန္တလေးမြို့ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနပုံနှိပ်စက်ရုံသို့ ရောက်ရှိပြီး ကျောင်းသုံးစာအုပ်များပုံနှိပ်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
Mar 02, 2023
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd. တို့အကြား ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 02, 2023
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဌာန မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး နှစ်ဆင့်ချေးငွေစီမံကိန်း၊ စီမံကိန်း ဦးဆောင်ကော်မတီ၏ (၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စု ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Mar 02, 2023
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက် မည့် “Establishment Myanmar National - Level Solar PV Application Promotion and Training Center to Accelerate the capacity building of Development of Solar Energy in Myanmar” စီမံကိန်း၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော “Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှော ဖလှယ်ပွဲ” အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။
Mar 02, 2023
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် အစည်းအဝေး (၁/၂၀၂၃)ကို ယနေ့ မွန်းလွဲ ၂ နာရီက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ - ၁ ၌ ကျင်းပသည်။
Mar 02, 2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနသည် နိုင်ငံ၏ စီးပွားရေးမဏ္ဍိုင်ဖြစ်သည့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသာမက အမျိုးသားလုံခြုံ ရေးအတွက် အလွန်အရေးပါသော စားနပ်ရိက္ခာ စိုက်ပျိုး မွေးမြူထုတ်လုပ်မှုကို တာဝန်ယူဆောင်ရွက် နေခြင်းဖြစ်သည်ကို သတိချပ်ပြီး ပညာရပ်အလိုက် အရည်အသွေးပြည့်ဝသော လူသားအရင်းအမြစ်များ တိုးပွားလာရေး ကြိုးပမ်းကြရန်လိုကြောင်း၊ ယနေ့ မွန်းလွဲပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး စုဝေးဆောင်ခန်းမ၌ “လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး” ခေါင်းစဉ်ဖြင့် ကျင်းပသည့် (၁၉) ကြိမ်မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေး နွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ပြောကြား သည်။
Mar 02, 2023
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်း သုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာနအမျိုး သားစာကြည့်တိုက် (နေပြည်တော်) တွင် မတ်လဆန်းမှ စတင်၍ ရက်သတ္တပတ် ခြောက်ပတ်ကြာ ဖွင့်လှစ်မည့် “ဌာနတွင်းဝန်ထမ်းများ၏ အင်္ဂလိပ်ဘာ သာစကား ကျွမ်းကျင်မှုမြှင့်တင်ရေး သင်တန်း (Staff Capacity Building on English Proficiency Pilot Course)” ဖွင့်ပွဲကိုယနေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည်။
Mar 02, 2023
အဋ္ဌမအကြိမ် နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်အဖွဲ့ ပဉ္စမ အစည်းအဝေး ဒုတိယနေ့ကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့ နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်း မြေ ဆဋ္ဌသင်္ဂါယနာ မဟာပါသာဏ လိုဏ်ဂူတော်ကြီးတွင် ကျင်းပသည်။
Mar 02, 2023
ဒုတိယဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းရှိန်သည် ရခိုင်ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေ မောင်နှင့်အတူ ဖေဖော်ဝါရီ ၂၆ ရက်တွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ မြန်မာ့စီးပွား ရေးဘဏ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ့အာမခံလုပ်ငန်း၊ ရသုံး မှန်းခြေငွေစာရင်း ဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အကောက် ခွန်ဦးစီးဌာန၊ ငွေရေးကြေးရေးကြီး ကြပ်စစ်ဆေးရေးဦးစီးဌာနနှင့် ပင်စင် ဦးစီးဌာနတို့မှ ဝန်ထမ်းများကို တွေ့ဆုံသည်။
Mar 02, 2023
ယနေ့သည် နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများအား ဂုဏ်ပြုသည့်နေ့ ဖြစ်သည်။ မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်ကြသည့် တောင်သူလယ်သမားအများစုဖြစ်သည်။ တောင်သူလယ်သမား များသည် ပြည်သူအားလုံး နေ့စဉ်လိုအပ်သည့်အာဟာရကို ဖြည့်တင်းပေးသဖြင့် ကျေးဇူးတင်ထိုက်၊ ဂုဏ်ပြုထိုက်သူ များဖြစ်သည်။