Skip to main content

Feb 24, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်နှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်တို့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့်အတူ ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့ တောင်ဇလပ်ရိပ်သာ၌ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2023

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းတရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတရားရုံး၊ ခရိုင်တရားရုံးများ၏ (၂၄) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2023

မြန်မာနိုင်ငံတွင် ကူးစက်ရောဂါအမျိုးမျိုးရှိသည့်အနက် ငှက်ဖျားပိုးကြောင့် ကူးစက်ပြန့်ပွားမှုကို သတိမူကြရမည်ဖြစ်သည်။ ပြည်သူများအနေဖြင့် ငှက်ဖျားရောဂါမှာ တောတောင်စိမ့်စမ်းများတွင် ငှက်ဖျားပိုးရှိသည့်ခြင်အကိုက်ခံရမှသာ ဖြစ်ပွားသည်ဟု မှတ်ယူထားကြသည်။ ငှက်ဖျားရောဂါသည် ခြင်မှတစ်ဆင့်ကူးစက်ပြီး ငှက်ဖျားရောဂါကပ်ပါးပိုးမျိုးကွဲများကြောင့် ဖြစ်ပွားသည်။ ၎င်းကပ်ပါးပိုးသည် လူတစ်ဦးမှတစ်ဦးသို့ ငှက်ဖျားပိုးသယ်ဆောင်လာသည့်ခြင်ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 24, 2023

ပြီးခဲ့သည့် နှစ်နှစ်တာကာလကို ပြန်ကြည့်လျှင် မိမိတို့နိုင်ငံသည် ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးအကျပ်အတည်းနှင့် ကြုံတွေ့ခဲ့ရသည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် ကုန်သွယ်မှုလုပ်ငန်းများနှင့် ပြည်တွင်းကုန်ထုတ်လုပ်မှုများ ထိခိုက်ကျဆင်းခဲ့ရသည်။ မြွေပူရာကင်းမှောင့်ဆိုသည့်နှယ် ထိုကာလအတွင်းက နိုင်ငံစီးပွားပျက်စီးစေရန်အတွက် ဘဏ်စနစ်များပြိုလဲအောင် ထိုးနှက်တိုက်ခိုက်မှုများလည်းရှိခဲ့ရာ ဘဏ်စနစ်မပြိုလဲစေရန်၊ နိုင်ငံ့စီးပွားရေး ထိခိုက်ပျက်စီးမှုမဖြစ်စေရန် အစိုးရက ထိန်းသိမ်းဆောင်ရွက်ခဲ့ရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊ အသက် ၃၃ နှစ်က ဆင်ဖြူတော် (အထီး) ကလေး (၁) စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် (၆) နာရီခွဲအချိန်တွင် မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့် ၂ ပေ ၅ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ ခန့် ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တဂေးချောင်းဖျားကျေးရွာရှိ အခြေခံပညာမူလ တန်းကျောင်း (တဂေးချောင်းဖျား) မှ ကျောင်းအုပ်ဆရာမကြီး ၁ ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့၌ PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်မိုင်း ၁ လုံးပေါက်ကွဲခဲ့၍ သံဃာတော် ၁ ပါးနှင့် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့သို့ရောက်ရှိနေသော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာ မှုထန်၊ ပြည်ထောင်စုဝန်ကြီးများ၊ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ၂၂-၂-၂၀၂၃ ရက် နံနက်ပိုင်းတွင် ကလေးမြို့နယ်၊ အင်တိုင်းကြီးကျေးရွာအုပ်စု၊ ဖောင်ကူးကျေးရွာရှိ တောင်သူများ စိုက်ပျိုးထားရှိသော နေကြာစိုက်ခင်းများသို့ သွားရောက်ကြည့်ရှုသည်။ ထို့နောက် တောင်သူများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးကာ တောင်သူများထံ ပိုးသတ်ဆေးဘူးများနှင့် နေကြာမျိုးစေ့များပေးအပ်သည်။ ယင်းနောက် ခရိုင် စိုက်ပျိုးရေးဉီးစီးဌာနရှိ တာဝန်ခံတစ်ဉီးက ပိုးသတ်ဆေး စနစ်တကျသုံးစွဲပုံကို တောင်သူများထံ ရှင်းပြသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် နိုင်ငံရေးပါတီများဖွဲ့စည်းနိုင်ရေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ် (၁၅/၂၀၂၃) ဖြင့်လည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း နည်းဥပဒေများကို အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၂၃) ဖြင့်လည်းကောင်း၊ နိုင်ငံရေးပါတီတည်ထောင်ခွင့်၊ ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်တို့နှင့်စပ်လျဉ်း၍ ကြေညာချက် အမှတ်(၂/၂၀၂၃)၊ (၃/၂၀၂၃) တို့ဖြင့်လည်းကောင်း ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစည်းအဝေး (၂/၂၀၂၃) ကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ကျန်းမာရေးဝန်ကြီးဌာနသည် COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာ ကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၂၂-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၂၃-၂-၂၀၂၃) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၁၀၈) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၂) ဦးတွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၀၅) ရာခိုင်နှုန်း ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ရှေးဦးအရွယ် ကလေးသူငယ်ဖွံ့ဖြိုးမှု အခြေအနေတိုင်းတာစစ်ဆေးခြင်းနှင့် ပြန်လည်ထူထောင်ရေးဆိုင်ရာ (Early Childhood Intervention – ECI) ညှိနှိုင်းအစည်းအဝေးနှင့် ECI ဆင့်ပွားသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော် မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ကျန်းမာရေးဝန်ကြီးဌာနကကြီးမှူးကျင်းပသော“(၅၁) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ” တတိယနေ့ကို ယနေ့တွင်ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိဆေးသုတေသနဦးစီးဌာန၌ ဆက်လက်ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ငှက်ဖျားရောဂါရှာဖွေခြင်း၊ ကုသခြင်းတို့ နှင့်စပ်လျဉ်း၍ မဖြစ်မနေသတင်းပေးပို့ရေး ထုတ်ပြန်ကြေညာခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက နေပြည်တော် ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သော်သည် ယမန်နေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Feb 23, 2023

၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကာလ နေပြည်တော်ရှိပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ နိုင်ရေးအတွက် လမ်းလျှောက်သင်္ကြန်ကျင်းပနိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင်‌ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်