၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၁၅) ရက် နေပြည်တော်
မြန်မာနိုင်ငံက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) (၈) နှစ်မြောက်နှစ်ပတ်လည်နေ့ အခမ်းအနားအောင်မြင်စွာ ကျင်းပခြင်းအတွက် လှိုက်လှဲစွာဂုဏ်ပြုအပ်ပါသည်။
တရုတ်နိုင်ငံမှာ ‘‘ငြိမ်းချမ်းသင့်မြတ်မှုသည် အဖိုးတန်သည်’’ ဟူသော ရှေးဟောင်းဆိုရိုးစကား တစ်ခွန်းရှိပါတယ်။ မြန်မာနိုင်ငံ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ သာယာချမ်းမြေ့ရေးအတွက် ငြိမ်းချမ်းရေးလိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဟာမြန်မာပြည်သူများ မျှော်လင့်တောင့်တရာဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံ ပြည်သူများ၏ အရင်းခံအကျိုးစီးပွားနဲ့ ကိုက်ညီပါတယ်။
တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ခိုင်မာစွာထောက်ခံအားပေးပါတယ်။ မြန်မာနိုင်ငံဘက်အသီးသီးရဲ့ လိုအပ်ချက်အရ မြန်မာနိုင်ငံတော်အချုပ်အခြာအာဏာကို အပြည့်အဝလေးစားတဲ့အခြေအနေမှာ တရုတ်နိုင်ငံက ငြိမ်းချမ်းစွာဆွေးနွေးရန် တိုက်တွန်းတဲ့ အပြုသဘောဆောင်သော အခန်းကဏ္ဍကနေပါဝင်ပြီး မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ဖို့ တက်တက်ကြွကြွ ကူညီတွန်းအားပေးသွားလိုပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ထဲမှာ အရေးပါမှတ်တိုင် တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ သက်ဆိုင်ရာဘက်အသီးသီးက တံခါးဖွင့်ခြင်း၊ အားလုံးပါဝင်ခြင်း၊ ပြောင်းလွယ်ပြင်လွယ်ခြင်း၊ လက်တွေ့ကျခြင်း ဟူသောသဘောထားကိုအရင်းခံ၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲကာ ငြိမ်းချမ်းရေးဆွေးနွေးခြင်းဆိုတဲ့ လားရာကြီးကို ဆက်လက်ကိုင်စွဲထားပြီး ငြိမ်းချမ်းရေးဆွေးနွေးခြင်းမှတစ်ဆင့် အပြန်အလှန်ယုံကြည်မှုများ အဆက်မပြတ်တိုးများလာစေခြင်းဖြင့် နောက်ဆုံးထာဝရငြိမ်းချမ်းရေးဖော်ဆောင်နိုင်ဖို့ မျှော်လင့် ပါတယ်။
တရုတ်-မြန်မာနှစ်နိုင်ငံဟာ တောတောင်ရေမြေချင်းဆက်စပ်ပြီး ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်နက်ရှိုင်းလှပါတယ်။ တရုတ်နိုင်ငံက နှစ်နိုင်ငံအစဉ်အလာ ချစ်ကြည်ရေးကို အလွန်အလေးထားပြီး မြန်မာပြည်သူတစ်ရပ်လုံးအပေါ် ချစ်ကြည်ရင်းနှီးတဲ့မူဝါဒကို ကိုင်စွဲထားပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံရဲ့ယုံကြည်ရသော ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်အဖြစ် ဆက်လက်ဆောင်ရွက်ပြီး နှစ်ဦးနှစ်ဖက် ချစ်ကြည်ရင်းနှီးစွာဆက်ဆံရေးကို တိုးမြှင့်သွားလိုပါတယ်။ ဒါ့ပြင် "Belt and Road" အတူတကွတည်ဆောက်ရေးကိုလည်း အရှိန်မြှင့်တင်ပြီး တရုတ်-မြန်မာ အေးအတူပူအမျှအသိုက်အဝန်း အနှစ်သာရကိုလည်း အဆက်မပြတ်ပြည့်ဝလာစေရန် ဆောင်ရွက်သွားလိုပါတယ်။ မြန်မာနိုင်ငံက မိမိနိုင်ငံအခြေအနေနဲ့ကိုက်ညီတဲ့ မြန်မာနိုင်ငံ ထူးခြားချက်ရှိတဲ့ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း စူးစမ်းရှာဖွေခြင်း၊ မြန်မာနိုင်ငံက နိုင်ငံတကာမျက်နှာစာတွင် တရားဝင်အခွင့်အရေး အကျိုးစီးပွားနှင့် အမျိုးသားဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်းကို တရုတ်နိုင်ငံက ထောက်ခံအားပေးပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း မြန်မာနိုင်ငံအချုပ်အခြာအာဏာကို အပြည့်အဝလေးစားပြီး မြန်မာနိုင်ငံက နိုင်ငံရေးအသွင်ကူးပြောင်းမှုနှင့် ငြိမ်းချမ်းရေးနှင့် အမျိုးသားသင့်မြတ်ရေးဖော်ဆောင်ရန် အပြုသဘောဆောင်စွာ ကူညီသွားနိုင်ဖို့ မျှော်လင့်ပါတယ်။
ဆွေမျိုး၊ ချစ်ကြည်ရင်းနှီးသူအချင်းချင်း ကောင်းမွန်စေရန်မျှော်လင့်သလို အိမ်နီးချင်း အချင်းချင်းလည်း ကောင်းမွန်စေဖို့မျှော်လင့်ကြပါတယ်။ တရုတ်နိုင်ငံက မြန်မာနိုင်ငံ ယုံကြည်အားကိုးရတဲ့ အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံ တိုးတက်ကောင်းမွန်လာပါစေ၊ နိုင်ငံတော်ရေရှည်တည်ငြိမ်အေးချမ်း ပါစေလို့မျှော်လင့်ကြောင်း လှိုက်လှဲစွာဆုမွန်ကောင်းတောင်းပေးအပ်ပါတယ်။