Aug 29, 2020
၁။ (၂၉-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် -
Aug 29, 2020
ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီ တိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများကို စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။
Aug 29, 2020
အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ထံသို့ ယနေ့မွန်းလွဲပိုင်းတွင် အလှူငွေနှင့်ကာကွယ်ရေးပစ္စည်းများ လှူဒါန်းရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံရယူသည်။
Aug 29, 2020
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာ ဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်အတွင်းရှိ တီယန်ဇွပ်ကျေးရွာအတွင်း အခြေခံပညာကျောင်း လိုအပ်ချက်များနှင့် ဒေသခံပြည်သူ များ၏ လိုလားချက်များအား ယနေ့ နံနက်ပိုင်းတွင် သွားရောက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။
Aug 29, 2020
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဝင်းသိန်းသည် ယနေ့ နံနက်ပိုင်းအချိန်က ဖြူးမြို့နယ် ကညွတ်ကွင်းမြို့ မင်းလမ်းကူး ကျေးရွာအုပ်စု၊ ရှမ်းမင်းလမ်းကူး ကျေးရွာ ဘုန်းတော်ကြီး ကျောင်းတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ပြည်သူများ၏ တင်ပြချက်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Aug 29, 2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်း၀ ပူးပေါင်း စစ်ဆေးရေးဂိတ်သို့ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦး၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး လှိုင်တင့်၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးဦးစန်းဌေး နှင့် တာဝန်ရှိသူများအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှု စစ်ဆေး ခဲ့ကြောင်းသိရသည်။
Aug 29, 2020
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေး မှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် စစ်တွေဆေးရုံကြီး၌ ယာယီတာ ဝန်ထမ်းဆောင်နေသည့်ဆရာဝန်နှင့် သူနာပြုများအား သွားရောက်တွေ့ဆုံပြီး ကိုဗစ်-၁၉ ပိုးတွေ့လူနာ များအတွက် သီးသန့်လူနာဆောင်များ ဆောင်ရွက် နေမှုများအားလှည့်လည်ကြည့်ရှု စစ်ဆေးသည်။
Aug 29, 2020
ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ စစ်တွေပြည်သူ့ဆေးရုံကြီးသို့ ယမန်နေ့ က ရောဂါကာကွယ် ကုသရေးပစ္စည်းများနှင့် အလှူငွေများ သွားရောက် လှူဒါန်းခဲ့သည်။
Aug 29, 2020
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေးစီမံကိန်း (မဟာဓာတ်အားလိုင်း ပြင်ပ အစီအစဉ်)ဖြင့် CFP-3 batch(2) ဆိုလာအသေးစား ဓာတ်အားပေးစနစ်များ တည်ဆောက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီများ၊ ဆောင်ရွက်မည့် ကျေးရွာမီးလင်းရေးကော်မတီဝင်များ လုပ်ငန်းသဘောတူ စာချုပ်ချုပ်ဆိုပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Aug 29, 2020
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဖိလစ်ပိုင်နိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၁၃၉ ဦးအား မြန်မာအမျိုးသား လေကြောင်း(MNA) ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြ သည်။