Skip to main content

ငဖဲမြို့နယ် ပျဉ်း၀ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများကကွင်းဆင်းကြည့်ရှုစစ်ဆေး

ငဖဲ ဩဂုတ် ၂၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် ဇင်ပြွန်းကျေးရွာအုပ်စု ပျဉ်း၀ပူးပေါင်းစစ်ဆေးရေးဂိတ်သို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမင်းဦး၊ ဆောက်လုပ်ရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦး၊ မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီး လှိုင်တင့်၊ မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူးဦးစန်းဌေး နှင့် တာဝန်ရှိသူများအဖွဲ့တို့မှ ယနေ့နံနက်ပိုင်းက ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချူပ် ဒေါက်တာအောင်မိုးညိုနှင့် တာဝန်ရှိသူများအဖွဲ့က ပျဉ်း၀ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ဆောင်ရွက် နေမှုများ နှင့်စပ်လျဉ်း၍ ဆွေးနွေး မှာကြားခြင်း၊ ဝန်ထမ်းများတာဝန်ချထားမှုနှင့် တာဝန်ထမ်းဆောင်နေမှုများ ကိုစစ်ဆေးခြင်း၊ ဂိတ်အဝင်အထွက် မော်တော်ယာဉ်များရပ်တန့် စစ်ဆေးနေမှုများအား ကြည့်ရှုစစ်ဆေးပြီး တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများအားစားသောက်ကုန်ပစ္စည်းများ၊နှာခေါင်းစည်း(Mask)များ နှင့် လက်သန့်ဆေးရည်ဗူးများကိုထောက်ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)