Aug 31, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ပြင်သစ်၊ စပိန်၊ ဘယ်လ်ဂျီယံ၊ ဂျာမနီနှင့် အနီးတစ်ဝိုက် ဒေသများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၈၇) ဦးအား ပါရီမြို့အခြေစိုက် Amelia Airline ကယ်ဆယ်ရေး အထူးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၁:၀၀) နာရီအချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့ကြသည်။
Aug 31, 2020
ထာဝရငြိမ်းချမ်းရေးစေတီတော် ဘက်စုံအချောသတ် မွမ်းမံတည်ဆောက်ရေး၊ မဟာသန္တိသုခ ဗုဒ္ဓသာသနာပြု ကျောင်းတော်ကြီး ပြန်လည်မွမ်းမံပြုပြင်ရေးနှင့် ပရိယတ္တိ စာအောင်ဆုပဒေသာပင် အတွက် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌ ကျင်းပသည်။
Aug 31, 2020
COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ် ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြားထားပြီး ဖြစ်ပါသည်။
Aug 31, 2020
ရခိုင်ပြည်နယ်တွင် COVID-19 ကူးစက်ဖြစ်ပွားမှုသည် အထူးမြန်ဆန်လျက်ရှိပြီး ဩဂုတ်လ(၁၆) ရက်နေ့မှ ဩဂုတ်လ (၃၀)ရက်နေ့အထိ (၂) ပတ်တာ ကာလအတွင်း COVID-19 ဓာတ်ခွဲအတည်ပြု လူနာအသစ် (၃၀၀) ကျော်အထိ တွေ့ရှိလာရပါသည်။ စစ်တွေမြို့တွင် ကူးစက်ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ပိုးသည် မျိုးရိုးဗီဇပြောင်းနေသည့် အမျိုးအစားဖြစ်ခြင်းကြောင့် ကူးစက်မြန်လျက်ရှိ၍ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် သာမက သူနာပြုနှင့် သားဖွားသင်တန်းကျောင်း တို့တွင် COVID-19 လူနာများထားရှိ ကုသနေလျက်ရှိပါသည်။
Aug 31, 2020
ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် (၂၀)ကြိမ်မြောက် ပုံမှန်အစည်းအဝေး (ဒုတိယနေ့) ကို ယနေ့နံနက် ၁၀နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံးတွင် ကျင်းပရာ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး၊ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာခင်မောင်ဌေးနှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။
Aug 31, 2020
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဝင်သိန်းသည် တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီ အချိန်က ခင်တန်းကြီးကျေးရွာ အုပ်စုရှိ သီရိမင်္ဂလာ ပေါက်ဘုရား စေတီတော် ကျောင်းတိုက် ဆရာတော်အား ဖူးမျှော်၍ ဝါဆိုသင်္ကန်း နှင့် အလူငွေများ ဆက်ကပ်ပြီး လျှပ်စစ်မီးရရှိရေးအတွက် တာဝန်ရှိသူများအား ဆွေးနွေး လမ်းညွှန်ခဲ့သည်။
Aug 31, 2020
၁။ (၃၀-၈-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင်- - အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၁,၀၀၀) ခု၊ - ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ (ဒုတိယအသုတ်) ဓာတ်ခွဲနမူနာ (၃၇) ခု၊ - နေပြည်တော် ပြည်သူ့ဆေးရုံကြီး ကုတင် (၁၀၀၀) မှ ဓာတ်ခွဲနမူနာ (၉) ခု၊ - ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၉၈) ခုနှင့် - ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈)ခု၊ - စုစုပေါင်း ဓာတ်ခွဲနမူနာ (၁,၁၇၂) ခုအား ထပ်မံစစ်ဆေးခဲ့ရာ-
Aug 31, 2020
ကိုဗစ်-၁၉ ရောဂါပိုးရှိကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ကိန်းဂဏန်းများ နေ့စဉ် လျင်လျင် မြန်မြန် တိုးလာနေသည်။ ပြည်တွင်းရောဂါပိုးတွေ့ရှိမှု ဇယား၏ ထိပ်ဆုံးနေရာတွင် လူဦးရေ ထူထပ်များပြားလှသည့် ရန်ကုန်တိုင်းဒေသကြီးက တစ်သမတ်တည်း ရှိနေခဲ့သော်လည်း လက်ရှိအခြေအနေတွင် ရက်ပိုင်းမျှနှင့် ရခိုင် ပြည်နယ်က ဇယား၏ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့ ပြီဖြစ်သည်။
Aug 31, 2020
မြန်မာနိုင်ငံ၌ ယခုရက်ပိုင်းအတွင်း ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အများအပြား တွေ့ရှိလာသည်။ သြဂုတ်လ ၂၅ ရက်နေ့ ညပိုင်းနှင့် နောက်တစ်ရက်တွင် ဓာတ်ခွဲအတည်ပြုလူနာ ၁၀၀ ကျော် စံချိန်တင်တွေ့ရှိခဲ့ပြီးနောက် သြဂုတ်လ ၂၉ ရက် နေ့တွင် ရောဂါပိုးရှိသူ၉၀ ထပ်မံစံချိန်တင် တွေ့ရှိပြန်သည်။ ရောဂါပိုးတွေ့ရှိသူများမှာ များသောအားဖြင့် ရခိုင် ပြည်နယ်မှဖြစ်ပြီး ရန်ကုန်မြို ့ရှိ အချို့မြို့နယ်များမှ တစ်ဦးစ၊ နှစ်ဦးစ ရောဂါပိုးတွေ့သူများပါလာသည်။
Aug 30, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်း ထားခြင်းကြောင့် အခက်အခဲကြုံတွေ့နေရသည့် ဩစတြေးလျနိုင်ငံမှ မြန်မာနိုင်ငံသား (၉၀) ဦး၊ နယူးဇီလန် နိုင်ငံမှ မြန်မာနိုင်ငံသား (၁၆) ဦး၊ မြန်မာသင်္ဘောသား (၃၀) ဦး၊ စုစုပေါင်း (၁၃၆) ဦးတို့အား မြန်မာ အမျိုးသား လေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ည (၂၁:၀၀) နာရီ အချိန်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည် ရောက်ရှိ ခဲ့ကြသည်။