Skip to main content

Aug 30, 2020

COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို အချိန်မီထိန်းချုပ်နိုင်ရန် ပြည်သူများအနေဖြင့် (၁၀-၈-၂၀၂၀) ရက်မှစ၍ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နှင့် ရခိုင်ပြည်နယ် အတွင်းရှိ ရောဂါကူးစက်ဖြစ်ပွားမှုများ ရှိနေသော မြို့နယ်များသို့ / မှ ခရီးသွားလာမှုများရှိပါက မိမိအသိစိတ်ဖြင့် ချက်ချင်းသတင်းပေးပို့ရန် လိုအပ်ကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတိပေးနှိုးဆော်ပန်ကြား ထားပြီး ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်နှင့်အတူ ခရိုင်၊မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ များလိုက်ပါ၍ ယနေ့ နံနက်(၉)နာရီက ရွှေဘိုမြို့ပေါ်ရှိ မြို့ဝင်/ထွက် မြောင်းကြီးဂိတ်နှင့် ရွှေဘိုမြို့ဝင်ဂိတ်တို့တွင် COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများနှင့် အရပ်ဘက် စေတနာရှင် လူမှုအဖွဲ့အစည်းများအား တွေ့ဆုံ အားပေးစကားပြောကြားပြီး အဆိုပါဂိတ်များတွင် ကျန်းမာရေးအတွက် ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ခရီးသွားရာဇဝင်များ စစ်ဆေး ဆောင်ရွက်နေမှု အခြေအနေတို့အား ကြည့်ရှုစစ်ဆေးကာ ကျန်းမာရေးသုံးထောက်ပံ့ရေး ပစ္စည်းများ အဖြစ် Face Shield (၂၀၄)ခုကို တာဝန်ရှိသူထံသို့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

မွန်ပြည်နယ် မုဒုံမြို့နယ်အတွင်းကျေးရွာများရှိ ဒေသလိုအပ်ချက်များကို ယမန်နေ့ နံနက် (၁၀)နာရီက မွန်ပြည်နယ်ဝန်ကြီးချုပ်

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

နိုင်ငံတကာခရီးသည်တင် လေယာဉ်များ ပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်း ကြောင့် အိန္ဒိယနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံ သား ၉၀ အား မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA)ကယ်ဆယ်ရေး လေယာဉ် ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည်ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

ရခိုင်ပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုမှာ နေ့စဉ်တိုးတက်မြင့်မား နေဆဲဖြစ်သည်။ ရောဂါ မပြန့်ပွားခင် လွန်ခဲ့သောလများက ရခိုင်ပြည်နယ် အတွင်း ကူးစက်မှုမရှိအောင် ထိန်းသိမ်းထားနိုင် ခဲ့သည်။ ယခုအခါ ပြည်တွင်းကူးစက်မှုပုံသဏ္ဌာန်ဖြစ်ပေါ်လာပြီး တစ်နိုင်ငံလုံး သို့ ရောဂါပြန့်ပွား မသွားစေရေးအတွက် ပြည်ထောင်စု၏ အစိတ်အပိုင်းတစ်ခု စိတ်ချလုံခြုံမှု ရှိအောင် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးနေသည်။

ဆက်လက်ဖတ်ရှုရန်

Aug 30, 2020

စနစ်တစ်ခု၏ တွန်းတိုက်နှိပ်စက်မှုဒဏ်ကြောင့် နိုင်ငံအနှံ့အပြား မှ ကျောင်းသားလူငယ်များ တောထဲသို့ လည်းကောင်း၊ နိုင်ငံရပ်ခြား အသီးသီးသို့လည်းကောင်း ပြေးကြ ရှောင်ကြ၊ ပြန်လည် စုစည်းကြ၊ အင်အားဖြည့်ကြ၊ စာအုပ်နှင့်လွယ်အိတ်များ နံဘေးချကာ တော်လှန် ရေးလုပ်ကြ ဖြစ်ရသည့်အခါ နိုင်ငံတစ်ဝန်းလုံးက ပြည်ထောင်စုသား များက စာနာကြ၊ ကရုဏာသက်ကြ၊ အားပေးကြ ဖြစ်ခဲ့ဖူးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ ဇောတိကာရုံ ပရိယတ္တိစာသင်တိုက်နှင့် ကန်ဦးဇေတဝန် ပရိယတ္တိစာသင်တိုက်၊ ရန်ကင်းမြို့နယ်ရှိ ပဉ္စနိကာယ သာသနာ့ဗိမာန် ပရိယတ္တိစာသင်တိုက်များသို့ ယနေ့တွင် ဝါဆိုသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းသည်။

ဆက်လက်ဖတ်ရှုရန်

Aug 29, 2020

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန (စွမ်းအင်ကဏ္ဍ) ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တတိယနှင့် စတုတ္ထသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းစနစ်များနှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်