Skip to main content

Sep 25, 2020

ကိုယ့်ဘေးမှာ ကိုဗစ်ရောဂါပိုး အမြဲရှိနေတယ်လို့ ယူဆပါ။ ဘယ်သူ့မှာ ပိုးမရှိဘူးဆိုတာ ဘယ်လိုမှ ပြောမရတဲ့ အနေအထားဖြစ်ပါတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ ဘယ်လိုမှ ပြောမရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူနဲ့ပဲ တွေ့တွေ့ ခြောက်ပေအကွာကနေ တွေ့ပါ။ Mask အမြဲတပ်ဆင်ပါ။ သတိရတိုင်း လက်ကို စက္ကန့် ၂၀ ကြာအောင်ဆေးပါ (ဒေါက်တာရဲမြင့်ကျော်)

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ကိုဗစ်-၁၉ ကာလ ဆန်နှင့်စားသောက်ကုန် ဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် ကရင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် ယမန်နေ့ မွန်းလွှဲ ၂ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့နယ် ကိုဗစ်−၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က တန့်ယန်းမြို့နယ်ခန်းမ၌ တွေ့ဆုံကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရန်ကုန် စက်တင်ဘာ ၂၄ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် စိတ်ဖိစီးမှုလျော့ကျစေရန်နှင့် စိတ်ဓာတ်ရေးရာ မြင့်တက်စေရန် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုပေးခြင်း၊ တွေ့ကြုံရသည့်အခြေအနေ၊ အခက်အခဲများကို ကိုယ်တိုင်ဆုံးဖြတ်ချက်ဖြင့် ဖြေရှင်းကျော်လွှားနိုင်ရန် နှစ်သိမ့်အားပေးပံ့ပိုးမှုပေးခြင်းတို့ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက ဖုန်းဖြင့် ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ချိုက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက်စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။ အဆိုပါ ဟောပြောချက်စာမူ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ ဦးသာထွန်းလှက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို စက်တင်ဘာ ၂၄ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။ အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည် -

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်မဲပေးနိုင်ရေးအတွက် နိုင်ငံခြားရေးဝန်ကြီးဌာနက ပေးပို့လာသည့် ပုံစံ(၁၅)များကို သက်ဆိုင်ရာမြို့နယ်များက ဆန္ဒမဲပေးပိုင်ခွင့် ရှိ/မရှိစိစစ်ပြီး သက်ဆိုင်ရာမြန်မာသံရုံးများ၊ အဖွဲ့ရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများသို့ အချိန်မီပေးပို့နိုင်ရေး ဆောင် ရွက်လျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၁၈၈ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့်စာအိတ်များကို စက်တင်ဘာ ၁၈ ရက်တွင် ပထမအကြိမ်အဖြစ်လည်းကောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၀၄၂၆ ဦးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်နှင့် စာအိတ်များကို စက်တင်ဘာ ၂၃ ရက်တွင် ဒုတိယအကြိမ်အဖြစ်လည်းကောင်း လွှဲပြောင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းပြင်ပ ကျေးလက်မီးလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာ ရေးနှစ်အထိ လေးနှစ်တာကာလအတွင်း အိမ်သုံးဆိုလာစနစ်၊ အသေးစားဓာတ်အားစနစ်များဖြင့် ကျေးလက်အိမ်ခြေ ၄၃၄၄၈၀၊ လူဦးရေ နှစ်သန်းကျော်ခန့် လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး လွှမ်းခြုံမှုရာခိုင်နှုန်းအနေဖြင့် မဟာဓာတ်အားလိုင်းပြင်ပဧရိယာ၏ ၃၂ ဒသမ ၇ ရာခိုင်နှုန်းခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Sep 25, 2020

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ဒက္ခိဏသီရိရပ်ကွက် အထွေထွေစီးပွားရေးသမဝါယမအသင်းရှိ အသင်းသား ၁၂၉ ဦးအတွက် အစု စုဆောင်းငွေ၊ ပံ့ပိုးချေးငွေနှင့် အသင်းပိုင်ငွေများအပါအဝင် ငွေကျပ် ၃၀၉ ဒသမ ၆၀ သိန်းနှင့် ထောက်ပံ့ပစ္စည်းများကို မြို့နယ်သမဝါယမအသင်းစုမှ အသင်းသို့ပေးအပ်ခဲ့ပြီး အသင်းသားတစ်ဦးလျှင် ထုတ်ချေးငွေကျပ် ၂၄၀၀၀၀၊ စုဆောင်းငွေပေါ် အတိုးများကို အသင်းသားများ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်