Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

ရန်ကုန် စက်တင်ဘာ ၂၄ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးကအပတ်စဉ် စနေနေ့တိုင်း ရွှေသွေး ဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။ 

စက်တင်ဘာ ၂၆ ရက် (စနေနေ့)တွင် ထုတ်ဝေမည့် ရွှေသွေးဂျာနယ်တွင် ကာတွန်းကျော်ထွဏ်း သရုပ်ဖော်ထား သည့် ဂရိပညာရှိကြီး ဆိုကရေးတီးအပေါ် လေးစားအားကျသော မောင်ရိုးအကြောင်းကို ရေးဖွဲ့ထားသည့် “မောင်ရိုးနှင့်ဆိုကရေးတီး” မျက်နှာဖုံးကာတွန်း၊ ကလေးတို့အနေဖြင့် ကိုဗစ်ကာလအပါအဝင် အား လပ်နေသောအချိန်တွင် အချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန် နည်းလမ်းကောင်းအချို့ကိုရေးဖွဲ့ထားသည့် “အချိန်တွေကို အကျိုးရှိရှိ အသုံးချမယ်” သုတဆောင်းပါး၊ အာဖရိကတောကြီးထဲသို့ အမှန်တကယ်ရောက်ရှိသွားသကဲ့သို့ ခံစားမိသော ဖိုးလုံးအကြောင်းကို ရေးဖွဲ့ထားသည့် “ဖိုးလုံး-မုဆိုးအိပ်မက်” နှစ်မျက်နှာ ကာတွန်း၊ မိခင်၏စကားကိုနားမထောင်ဘဲ အစားမက်မိရာမှ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသော ဒရယ်ပျိုမလေးအကြောင်းကို ပညာပေးရေးဖွဲ့ထားသည့် “အစားမက်သော ဒရယ်ပျို” ပုံပြင်ကဏ္ဍအပါအဝင် ကလေးကာတွန်းလက်ရာ ဖိတ်ခေါ်ခြင်း ကြော်ငြာကဏ္ဍ၊ ရွှေသွေးအင်္ဂလိပ်စကားဝိုင်း၊ ကဗျာစုံလင်စွာဖြင့် ဖတ်စရာမှတ်စရာများပါရှိကြောင်း သိရသည်။

သတင်းစဉ်