Skip to main content

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တန့်ယန်း မြို့နယ် ကိုဗစ်−၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ

တန့်ယန်း စက်တင်ဘာ   ၂၅

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်း မြို့နယ် ကိုဗစ်−၁၉ ကော်မတီ၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ယမန်နေ့ မွန်းလွဲ(၂)နာရီခွဲအချိန်ခန့်က တန့်ယန်းမြို့နယ်ခန်းမ၌ တွေ့ဆုံကြောင်းသိရသည်။

အဆိုပါတွေ့ဆုံပွဲတွင် တန့်ယန်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းစံအေးမှ မဲဆန္ဒရှင် စာရင်းများ မဲရုံများ၊ လုံခြုံရေးကိစ္စရပ်များ ၊ လျှပ်စစ်မီးကိစ္စရပ်များစသည့် ကြိုတင်ပြင်ဆင် ထားရှိမှုများ ကို ရှင်းလင်းတင်ပြီး မြို့နယ် ကိုဗစ်− ၁၉ ထိန်းချုပ်ရေးနှင့်အ ရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး ဦးသက်လွင်ထွန်း မှ ကိုဗစ်−၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ကျန်းမာရေးစစ်ဆေးရေးဂိတ် ဖွင့်လှစ်မှု အခြေအနေ၊ ကျန်းမာရေးအသိ ပညာပေးခြင်းနှင့်စစ်ဆေးမှု အခြေအနေ တို့ကိုရှင်းလင်းတင်ပြကြ ကြောင်းသိရသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင် တို့မှ မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေး ကော်မတီသို့ ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့် ကျန်းမာရေးသုံးပစ္စည်းဖြစ်သည့်mask(၂၅၀၀)ခု ကိုလည်းကောင်း သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ် ShiningMyanmarCo;Ltd. မှ အလှူငွေကျပ်(၅)သိန်းကိုလည်းကောင်း ပေးအပ်ကြရာ မြို့နယ် ကိုဗစ်-၁၉ ကော်မတီ ဥက္ကဋ္ဌ ဦးသက်လွင်ထွန်း မှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)