Sep 25, 2020
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများအတွက် သွားလာရေး လွယ်ကူအဆင်ပြေစေရန် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာလအတွင်း အဆောက်အဦ၊ လမ်း၊ တံတား၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးနှင့် ကျေးလက်လမ်း / တံတားများ လက်ရှိဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းတိုးတက်မှုအခြေအနေနှင့် လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆောင်ရွက်နိုင်ရန် တိုင်းဒေသကြီး၊ ပြည်နယ်ညွှန်ကြားရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမဆောင်မှ Video Conferencing ဖြင့် ကျင်းပသည်။
Sep 25, 2020
၁။ ယနေ့ COVID-19 ဓာတ်ခွဲ စစ်ဆေးချက်များအရ -
Sep 25, 2020
၁။ နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူနိုင်ငံ၌ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၅၀) ဦး အား (၁၉) ကြိမ်မြောက် မြန်မာအမျိုးသား လေကြောင်းလိုင်း (MNA) ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၁၇ ၀၀) နာရီ အချိန်တွင် လည်းကောင်း၊ ထိုင်းနိုင်ငံ၌ အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၄၁) ဦးအား (၉) ကြိမ်မြောက် မြန်မာအပြည်ပြည်ဆိုင်ရာလေကြောင်းလိုင်း ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည် ခေါ်ဆောင်ခဲ့ရာ ယနေ့ (၂၀ ၀၀) နာရီအချိန်တွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ အသီးသီးပြန်လည် ရောက်ရှိခဲ့ကြပါသည်။
Sep 25, 2020
၁။ (၂၄-၉-၂၀၂၀) ရက်နေ့တွင်ဓာတ်ခွဲစစ်ဆေးတွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၆၈၇) ဦးအား မြို့နယ်အလိုက်တွေ့ရှိရမှုအခြေအနေများအား ဖော်ပြအပ်ပါသည်။
Sep 25, 2020
ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် ထိတွေ့ဆက်စပ်သည့်သူများ ထားရှိရန် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)နှင့် ရန်ကင်းပညာရေးကောလိပ်တို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးနှင့် ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ၊ ဒုတိယဥက္ကဋ္ဌ၊ ဆေးတက္ကသိုလ်(၁)ရန်ကုန် ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ဇော်ဝေစိုးတို့က ယနေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
Sep 25, 2020
မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သော လုပ်ငန်းများကြီးကြပ်ရေးကော်မတီ၏ (၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Zoom Application ဖြင့် ကျင်းပသည်။
Sep 25, 2020
ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) နှင့် (အထက်မြန်မာပြည်) တို့၌ ဖွင့်လှစ် သင်ကြားလျက်ရှိသည့် အရာထမ်းလောင်း အခြေခံသင်တန်းကို Online မှ တစ်ဆင့် ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
Sep 25, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် သည် ယနေ့နံနက်(၁၁) နာရီခွဲအချိန် က လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ လားရှိုးမြို့ ရပ်ကွက်များရှိ ပြည်သူ (၂၅၅)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 25, 2020
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဗမာတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးနေလင်းနှင့် တာဝန်ရှိသူများသည် ယနေ့နံနက် (၈)နာရီခွဲ က တန့်ယန်းမြို့ရှိ အောင်တော်မူစေတီဘုရားအား သွားရောက်ဖူးမျှော်ကြည်ညိုပြီး စေတီတော်အဆောက်အဦ တည်ဆောက်နေမှုကို ကြည့်ရှု၍ အောင်တော်မူစေတီကျောင်းထိုင်ဆရာတော်ထံ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ဝထ္ထုပစ္စည်းနှင့် အလှူတော်ငွေ ကျပ်သိန်း(၂၀)၊ သီဟသုဓမ္မမဏိဇောတဓရ ဦးကျော်စွာထွဋ်နှင့်ဇနီး ဒေါ်ပိုးဖြူ Shining Myanmar Co;Ltd.မှ အလှူငွေကျပ် (၁၀)သိန်း တို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
Sep 25, 2020
မွန်ပြည်နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများအတွက် (တတိယအကြိမ်) ထောက်ပံ့မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်း၌ မွန်ပြည်နယ်အစိုးရ အဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပသည်။