Skip to main content

Oct 06, 2020

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၃၅/၂၀၂၀)ညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက်ကတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က “တိုင်းဒေသကြီးအတွင်းကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ အလှူငွေနှင့် ပစ္စည်းအစရှိသည်တို့ကို တတ်အားသ၍ လှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း၊ ယခုကဲ့သို့ တတ်ညီလက်ညီဖြင့် ဆက်လက် ပူးပေါင်း ဆောင်ရွက် ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း” စသည့်ဖြင့်၊ အမှာစကား ပြောကြားပြီး တာဝန်ရှိသူ အသီးသီးက ကဏ္ဏအလိုက် ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၌ ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးတွင် ပါဝင်ကူညီမည့် ကျန်းမာရေးဝန်ထမ်းများအား ဂုဏ်ပြုခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ က ထားဝယ်မြို့၊မြို့တော်ခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် SARS-CoV-2 ဗိုင်းရပ်စ်၏ မျိုးရိုးဗီဇကို ဖော်ထုတ်နိုင်ပြီးချိန်မှအစပြုပြီး ကာကွယ် ဆေးထုတ်လုပ်သည့်လုပ်ငန်းများ စတင်ခဲ့သည်။ လူသား များတွင် ကာကွယ်ဆေး ဘေးကင်းမှုရှိ၊ မရှိ စမ်းသပ်မှု များကို ပထမဆုံးအနေဖြင့် မတ်လတွင် စတင်ခဲ့သည်။ လက်ရှိအနေအထားတွင် ကမ္ဘာ တစ်ဝန်းရှိ သုတေသီ များက ကိုဗစ်-၁၉ ကို ကာကွယ်ရန်အတွက် ကာကွယ် ဆေးအမျိုးပေါင်း ၃၂၀ ကို စမ်းသပ် လေ့လာလျက်ရှိသည်ဟု သိရသည်။ ယေဘုယျအားဖြင့် ကာကွယ်ဆေးထုတ်လုပ်မှု လုပ်ငန်း စဉ်သည် လက်တွေ့အသုံးပြုနိုင်သည့်အဆင့် မရောက်မီ နှစ်ပေါင်းများစွာ သုတေသနပြုရန် လိုအပ် သည်။ သို့ရာတွင် လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွား မှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရန်အတွက် သိပ္ပံပညာရှင် များက လာမည့်နှစ်တွင် လုံခြုံစိတ်ချရပြီး ထိရောက်သော ကာကွယ်ဆေးကိုထုတ်လုပ်ရန် အပြိုင်အဆိုင် အားထုတ် ကြိုးပမ်းနေကြခြင်း ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ကုန်စည်ပို့ဆောင်မှု အဆင်ပြေ ချောမွေ့စေရေးနှင့် ကုန်စည် ဝင်/ထွက် မှုအခြေအနေ၊ ကုန်ဈေးနှုန်းများ ဖြစ်ပေါ်မှု အခြေအနေများနှင့်ကုန်ဈေးနှုန်းတည်ငြိမ်ရေးတို့နှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်း အဖွဲ့များမှ တာဝန်ရှိ သူများက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ၂၀၂၀-၂၀၂၁ လေ့ကျင့်ရေးနှစ်အတွက် ဖွင့်လှစ် ရန်ရှိသော သင်တန်းများအနက် ဗဟိုဝန်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်) တွင် အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၈၆) ကို လည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၁၆) ကို လည်းကောင်း ယနေ့ နံနက်ပိုင်းတွင် Online Learning System ဖြင့် စတင်ဖွင့်လှစ်သည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက် ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့် ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိ နေသည့် မြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး ငါးရုံး၌ ဆက်လက်ဆန္ဒမဲ ပေးကြရာ မြန်မာသံရုံး ဘန်ကောက် မြို့၌ မဲဆန္ဒရှင် ၅၃၆ ဦး၊ မြန်မာသံရုံး ကိုင်ရိုမြို့၌ မဲဆန္ဒရှင် ၂၀၊ မြန်မာသံရုံး စင်ကာပူမြို့၌ မဲဆန္ဒရှင် ၁၇၀၀ ကျော်ခန့်၊ မြန်မာသံရုံး ဆိုးလ်မြို့၌ မဲဆန္ဒရှင် ၁၅၀ နှင့် မြန်မာသံရုံး တိုကျိုမြို့၌ မဲဆန္ဒရှင် ၄၀၂ ဦး လာရောက်ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ ဒု-ဥက္ကဋ္ဌ ဒေါ်ခင်စန်းမူက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် ဟောပြောချက် စာမူအား ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှတစ်ဆင့် ပေးပို့လာပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီဥက္ကဋ္ဌ ဦးတိန့်ဆောင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြော တင်ပြ ခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်ကျော်ဝင်းက မွန်ဘာသာဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး တွဲဖက်အတွင်းရေးမှူး မိကျိုက်စောက မြန်မာဘာသာဖြင့်လည်းကောင်း ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို အောက်တိုဘာ ၅ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင် သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

ဆက်လက်ဖတ်ရှုရန်

Oct 06, 2020

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ယခုအခါ နှာခေါင်းစည်း ငါးသန်းထုတ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်