Skip to main content

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ(၃၅/၂၀၂၀) ညှိနှိုင်း အစည်းအဝေး နှင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများ၊ ကုသရေးစင်တာ(Second Hospital)များအတွက် ထောက်ပံ့ ငွေများပေးအပ်

ပုသိမ်   အောက်တိုဘာ  

ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၃၅/၂၀၂၀)ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ကတိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ()၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က တိုင်းဒေသကြီးအတွင်းကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသူများ၊ အလှူငွေနှင့် ပစ္စည်းအစရှိသည် တို့ကို တတ်အားသ၍ လှူဒါန်းပေးကြသော စေတနာရှင် အလှူရှင်အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် မှတ်တမ်းတင်ထားရှိပါကြောင်း၊ ယခုကဲ့သို့ တတ်ညီလက်ညီဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက် ပေးကြပါရန် တိုက်တွန်းအပ်ပါကြောင်း”  အမှာစကား ပြောကြားပြီး တာဝန်ရှိသူ အသီးသီးက ကဏ္ဏအလိုက် ဆွေးနွေးခဲ့ကြသည်။

ထို့နောက်ဝန်ကြီးချုပ်က မြို့နယ်(၂၆) မြို့နယ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစခန်းများသို့ စားစရိတ် ထောက်ပံ့ငွေကျပ် သိန်းတစ်ထောင်ကို တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးသန်းဆွေးဝင်းသို့ လည်းကောင်း၊ မြို့နယ်(၂၆)မြို့နယ်ရှိ ကုသရေးစင်တာ Second Hospital များ၏ ကျန်းမာရေး အသုံးအဆောင်ပစ္စည်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၅၉.၅၂)အားတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်သို့ လည်းကောင်း ပေးအပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်း ဦးစီးဌာန ဝန်ထမ်းများ၏ လှူဒါန်းငွေကျပ် တစ်သိန်းအား တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းကပေးအပ်ရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကိုတွတ်(ပြန်/ဆက်)