ရန်ကုန် အောက်တိုဘာ ၅
ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပြီး ယခုအခါ နှာခေါင်းစည်း ငါးသန်း ထုတ်လုပ်ကာ အခမဲ့ဖြန့်ဝေပေးသွား မည်ဖြစ်သည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရန်နှင့် လက်ရှိ ကမ္ဘာ့လေထုညစ်ညမ်းမှုကို ကာကွယ် ပေးနိုင်ရန် နှာခေါင်းစည်း ထုတ်လုပ်စက်ကို ပြီးခဲ့သည့် ခြောက်လကတည်းက မှာယူထားပြီး မကြာမီက ရောက်ရှိလာသောကြောင့် ပြည်ပ ပညာရှင်များ ဦးစီးကာ တပ်ဆင်လည်ပတ်နိုင်ခဲ့ခြင်း ဖြစ် သည်။ နှာခေါင်းစည်းထုတ်လုပ်စက် သည် တစ်နာရီကို ငါးထောင်နှုန်းဖြင့် တစ်ရက်လျှင် နှာခေါင်းစည်း ငါးသောင်း အထိ ထုတ်လုပ်နိုင်မည် ဖြစ်သည်။ ဧရာဝတီဖောင်ဒေးရှင်း သည် နှာခေါင်းစည်းများကို လိုအပ် ချက်ရှိ သူများနှင့် ဝင်ငွေနည်းပါး သည့် အများပြည်သူများအတွက် နှာခေါင်းစည်း ငါးသန်းအထိ အခမဲ့ ဖြန့်ဝေပေး မည်ဖြစ်သည်။
ဧရာဝတီ ဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့် မတ်လကတည်းက ကျန်းမာ ရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းကူညီဆောင်ရွက် လျက်ရှိပြီး လက်ရှိအချိန်တွင်လည်း ကုသရေး စင်တာများ တည်ဆောက် ပေးခြင်း၊ ရောဂါဖြစ်ပွားနေသူများ အတွက် နေ့စဉ်အစားအသောက် များ စီစဉ် ပေးခြင်း၊ ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် အနေအထိုင်၊ အစားအသောက်နှင့် သွားလာမှု အဆင်ပြေစေရန် ဆောင် ရွက်ပေးခြင်းအပြင် အခြားလိုအပ်မှု များကို လှူဒါန်းပေးလျက်ရှိသည်။
ရဲရင့်ရှိုင်း၊ ဓာတ်ပုံ-ကိုမိုး