Dec 18, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အမှတ် (၁၊၅၊၇) ရပ်ကွက်နှင့် ဟန်နား၊ မတ်ချီနူ၊ အီနိုင်း၊ ကောင်းကြဲ(အီ)၊ နမ့်တွန်း၊ နားကွမ်းလုံ၊ နားမခေါ်၊ ဟူးမွန်ကျေးရွာအုပ်စုများ အတွင်းရှိ ပြည်သူ (၅၂၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း ကို ယနေ့ နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။
Dec 18, 2020
ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြား ခဲ့ပါသည်။
Dec 18, 2020
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ထံသို့ မြောင်မြို့နယ် ကျောင်းဖြူကျေးရွာ၏ အနောက် ဘက် ပေ(၁၀၀၀)ခန့်အကွာ ဧရာဝတီမြစ်လက်တက်တွင် ချောင်းရေတိုက်စား၍ ကမ်းပါး ပြိုကျ ထားသည့် နေရာများတွင် ဒေသခံ(၅)ဦးတို့မှ တွေ့ရှိခဲ့သည့် ရှေးဟောင်း ရွှေထည် ပစ္စည်း(၅)မျိုးနှင့် ဟင်္သာရုပ် (၁)ခုတို့ကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ နှင့်အတူ ယနေ့ နံနက်(၁၀)နာရီက ဒုတိယအကြိမ် လာရောက်အပ်နှံပေးခဲ့သည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့ လားရှိုးမြို့နယ် နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ
Dec 18, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်၊ နမ္မဗောဒကျေးရွာအုပ်စုအတွင်းရှိဒေသခံ ပြည်သူများနှင့် ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါကျေးရွာရှိ နှစ်ခြင်းခရစ်ယာန်ဘုရားကျောင်းဝင်း၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Dec 18, 2020
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီ တို့ ပူးပေါင်း ကျင်းပသည့် “ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းများ၏ အရွေ့” အွန်လိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် Zoom Webinar စနစ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
Dec 18, 2020
(၉) ကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ ဒေသတွင်းအဆင့်ပြိုင်ပွဲ (9th ASEAN Quiz- Regional Level) ကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင် စင်ကာပူနိုင်ငံက အလှည့်ကျအိမ်ရှင်အဖြစ် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်ရာ မြန်မာနိုင်ငံကိုယ်စားပြု ကျောင်းသူသုံးဦး ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ စတူဒီယိုခန်းမမှ ပါဝင်ယှဉ်ပြိုင်ကြသည်။
Dec 18, 2020
အာရှ-ပစိဖိတ် မြို့တော်များ ဆေးလိပ်သောက်သုံးမှု ထိန်းချုပ်ရေးနှင့် မကူးစက်တတ်သော ရောဂါများ ကာကွယ်ရေးဆိုင်ရာ မိတ်ဖက်အဖွဲ့ (APCAT) က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် (၅) ကြိမ်မြောက် အာရှ-ပစိဖိတ် မြို့တော်ဝန်များ အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် နီပေါနိုင်ငံ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ မြို့တော်ဝန် ဒေါက်တာ မျိုးအောင် ပါဝင်တက်ရောက်သည်။
Dec 18, 2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုး မြို့စည်ပင်သာယာရေးမှဆောင်ရွက်နေသော ကတ္တရာ ကွန်ကရစ်ဖျော်စက် တည်ဆောက်မည်နေရာအား ယနေ့ ညနေ(၃)နာရီက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်နှင့် တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Dec 18, 2020
စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊
Dec 18, 2020
ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး Mr. Ranieri Sabatucci ဦးဆောင်သော မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂကိုယ်စား လှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီ တွင် Video Conference စနစ်ဖြင့် လက်ခံတွေ့ဆုံခဲ့သည်။