Skip to main content

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်(၅)ခုအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အုပ်ချုပ်ရေး တာဝန် ထမ်းဆောင်နေသူ များ အတွက် အနွေးထည်(၈၅)ထည် ထောက်ပံ့

မုံရွာ ဒီဇင်ဘာ ၁၈

စစ်ကိုင်းတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အတူ  တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ တိုင်း၊ ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နေ့လည် (၃)နာရီက မုံရွာမြို့နယ် မုံ့ရွေး၊ သစ်ဆိမ့်၊ ကျောက္ကာ၊ ပြည်တော်သာ နှင့် အလုံ စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်များသို့ လှည့်လည်ကြည့်ရှုစစ်ဆေးရာတွင် တာဝန်ရှိသူများအား မိမိတို့မုံရွာမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါအား  ဒေသတွင်း ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်၊ ထိန်းချုပ် ရေးလုပ်ငန်းများမှာ လွန်စွာမှ အရေးကြီးသောလုပ်ငန်းဖြစ်၍ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း မြင့်မားသောဒေသ၊ Stay At Home သတ်မှတ်ထားသော ဒေသများမှ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဝင်ရောက်လာသူများအားလုံးကို စစ်ဆေးကြပ်မတ်ရန် အရေးကြီးသဖြင့် ယခုလို တိုင်းဒေသကြီးအတွင်းရှိ မြို့ အဝင်/အထွက်ဂိတ်များတွင် စစ်ဆေးမှုများကို စနစ်တကျဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် အားလုံး ပူးပေါင်း ဆောင်ရွက်ပေးကြလို့ အထူးပင် ဝမ်းသာဂုဏ်ယူပါကြောင်း ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး စစ်ဆေးရေးဂိတ်(၅)ခုမှ အုပ်ချုပ်ရေး တာဝန်ထမ်းဆောင်နေသူ (၈၅)ဦးအတွက် ဆောင်းတွင်းဝတ် အနွေးထည်(၈၅)ထည်ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထွန်းကိုကို(တိုင်းဒေသကြီး-ပြန်/ဆက်)