Dec 18, 2020
မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် ပျံသန်းမည့် အပျော်စီးလေယာဉ်ခရီးစဉ် (Non Landing Sightseening Flights Tour) ကို Myanmar National Airlines က ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
Dec 18, 2020
လတ်တလောဖြစ်ပွားနေဆဲ ကိုဗစ်-၁၉ရောဂါ ပြန့်ပွားနှုန်းလျော့ကျလာရေး၊ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အဓိကမှာ ပြည်သူ ပြည်သားများပင် ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါ လျော့ကျထိန်းချုပ်နိုင်ရေးမှာ နှာခေါင်းစည်းတပ်ရန်၊ လက်ဆေးရန်၊ ခပ်ခွာခွာနေထိုင်ရန် အချက် သုံးချက်သည် အဓိကဖြစ်သည်။ ထိုအချက်သုံးချက်ကို အမှန်တကယ်လိုက်နာလျှင် ဖြစ်ပွားနှုန်း လျော့ကျပြီး ကိုဗစ်-၁၉ ရောဂါကို လက်တွေ့ထိန်းချုပ်နိုင်မည် ဖြစ်သည်။
Dec 18, 2020
သက်ရှိသတ္တဝါဟူသမျှ အာဟာရဟူသော အထောက်အပံ့ကြောင့် အသက်ရှင်သန်ကြရသည်။ လူသားအပါအဝင် သက်ရှိ သတ္တဝါတို့၏ အသက်ရှင်ကျန်းမာရေး၊ ခန္ဓာကိုယ်ရှင်သန် တည်တံ့ရေးအတွက် လိုအပ်သော ဩဇာဓာတ်တို့ကို အစားအစာ အာဟာရ စားသောက်ခြင်းမှ ရရှိနိုင်သည်။ အာဟာရချို့တဲ့သည့်အခါ ကိုယ်ခန္ဓာ ကြုံလှီသေးငယ်ပြီး ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှု လည်း နိမ့်ကျနိုင်သလို ရောဂါအမျိုးမျိုးတို့ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်သည်။
Dec 17, 2020
(၂၅) ကြိမ်မြောက် မြန်မာ-ထိုင်း လူကုန်ကူးခံရသူများ ပြန်လည်လက်ခံရေး၊ မိဘရပ်ထံ ပြန်လည်အပ်နှံရေးနှင့် မိသားစုပေါင်းစည်း ရေးဆိုင်ရာ ဖြစ်ရပ်စီမံခန့်ခွဲမှုညှိနှိုင်း အစည်းအဝေး ကို ယနေ့နံနက် ၉ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီး ဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။
Dec 17, 2020
အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) (National Education Strategic Plan-NESP) (2021-2030) ရေးဆွဲရေးအတွက် တိုင်းရင်းသားပညာရေးနှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်၊ ပညာရေး ဝန်ကြီးဌာနမှ အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
ပညာရေးဝန်ကြီးဌာနက ကျင်းပသော ၂၁ ရာစု မြန်မာနိုင်ငံအဆင့်မြင့် ပညာရေးကဏ္ဍ၏ စိန်ခေါ်မှုသစ်များ (New Challenges for Higher Education in the 21st Century Myanmar) ခေါင်းစဉ်ဖြင့် ရှင်းလင်းတင်ပြပွဲကို ယနေ့ ညနေ ၅ နာရီခွဲတွင် Online စနစ်ဖြင့်ကျင်းပသည်။
Dec 17, 2020
Myanmar Digital Education Platform တွင် DTVET Learning Management System စတင်လွှင့်တင်ခြင်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၄ နာရီခွဲတွင် နေပြည်တော်ရှိ ပညာရေး ဝန်ကြီးဌာန၌ Virtual စနစ်ဖြင့် ကျင်းပသည်။
Dec 17, 2020
မြန်မာနိုင်ငံ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး အမျိုးသားအဆင့် ဦးဆောင်ကော်မတီ၏ တတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ပြုလုပ်သည်။
Dec 17, 2020
မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး (၁/၂၀၂၀) ဆုံးဖြတ်ချက်အရ မသန်စွမ်းသူများ အနေဖြင့် ဟိုတယ်နှင့်ခရီးသွားလာရေးဆိုင်ရာ (Barrier Free Tourism Pilot Project) ဝန်ဆောင်မှုများနှင့် လုပ်ငန်းအစီအစဉ် တို့ကို အများနည်းတူ ရရှိခံစားနိုင်ရေးအတွက် သေချာစေမည့် အမျိုးသားအဆင့် လုပ်ငန်းစဉ်တစ်ရပ်ချမှတ်နိုင်ရန် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြန်လည် ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဗီဒီယို ကွန်ဖရင့်ဖြင့် ကျင်းပသည်။
Dec 17, 2020
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ တင်ဒါအောင်ကုမ္ပဏီများ၏ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှု ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ က နယ်စပ်ရေးရာ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။