တောင်ကြီး ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် အမှတ် (၁၊၅၊၇) ရပ်ကွက်နှင့် ဟန်နား၊ မတ်ချီနူ၊ အီနိုင်း၊ ကောင်းကြဲ(အီ)၊ နမ့်တွန်း၊ နားကွမ်းလုံ၊ နားမခေါ်၊ ဟူးမွန်ကျေးရွာအုပ်စုများ အတွင်းရှိ ပြည်သူ (၅၂၄)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခြင်း ကို ယနေ့ နံနက်(၁၁)နာရီခွဲက လားရှိုးမြို့ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း၌ ကျင်းပသည်။
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က မြို့နယ်လဝကရုံး ဝန်ထမ်းများ အနေဖြင့်(oss)အဖွဲ့၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ မိတ်ဖက်အဖွဲ့အစည်း များ၊(NRC)အဖွဲ့တို့ဖြင့် စီမံချက်ရေးဆွဲပြီး ပြည်သူများရှိသည့် ဒေသ အလိုက်၊ ကျေးရွာအလိုက် မနားမနေ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မြို့နယ်လဝက အနေဖြင့် စီမံချက် မြောက်မြားစွာ ကွင်းဆင်းဆောင်ရွက်ပေးနေသလို ကွင်းဆင်းသည့်အချိန်တွင် လာရောက်မဆောင်ရွက်နိုင်သူများ ကျန်နေပါက မြို့နယ်လဝကရုံးသို့ ကိုယ်တိုင်သွားရောက် လျှောက်ထားပြီး နိုင်ငံသားစိစစ်ရေးကတ် သော်လည်းကောင်း၊ အိမ်ထောင်စုသော် လည်းကောင်း၊ မွေးဖွား၊ သေဆုံး၊ ပြောင်းဝင်ခြင်း၊ ပြောင်းထွက်ခြင်း တို့ကိုသွားရောက် ဆောင်ရွက်နိုင်ပါကြောင်း၊ လားရှိုးမြို့နေ မိဘပြည်သူများအတွက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည့် ရပ်ကွက်(၃)ရပ်ကွက်၊ကျေးရွာအုပ်စု (၈)အုပ်စုတို့အား လားရှိုး မြို့နယ် လဝကရုံးမှ နိုင်ငံသားစိစစ်ရေး ကတ်ပြား (၅၂၄)ကတ်ကို ပေးအပ်သွားမှာဖြစ် ကြောင်း ပြောကြားသွားသည်။
ဆက်လက်၍ လားရှိုးမြို့နယ် အတွင်းရှိ ရပ်ကွက်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၈)အုပ်စုရှိ ပြည်သူ(၅၂၄)ဦးအား နိုင်ငံသား စိစစ်ရေး ကတ်ပြားများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ် ဝန် ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများတို့က ပေးအပ်ခဲ့ကြရာ ရပ်ကွက်အသီးသီးမှ တာဝန်ရှိသူများက လက်ခံရယူကြကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)