Skip to main content

Dec 20, 2020

(၁၉-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင်တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၉၈၉) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှု ၊ ပြည်သူလူထု၏ ထည့်ဝင်လှူဒါန်းမှုတို့ဖြင့် We Love Yangon လူထုအခြေပြု ပရဟိတအသင်းမှ ဦးဆောင်တည်ဆောက်သွားမည့် " ပြည်သူ့ပရဟိတ ဆေးရုံသစ်ကြီး " ပန္နက်တင်မင်္ဂလာကို ယမန်နေ့ နံနက် ၇ နာရီခွဲတွင်အဆိုပါဆေးရုံတည်ဆောက်မည့် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၊ ၁၄၆ ရပ်ကွက် ၊ လှော်ကား လမ်းနှင့် သိန်းတစ်ရာလမ်းထောင့်တွင် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

ဖလမ်းမြို့ မြို့ပြစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ဖလမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ထားဝယ်-ရန်ကုန် ပြည်ထောင်စုကားလမ်းမပေါ်ရှိ သမုတ်မြစ်အားဖြတ်၍ တည်ဆောက်ထားသည့် သမုတ်-လွတ်လွတ် တံတားကို တံတားတည်ဆောက်ရေးလုပ်ငန်းနှင့် တံတားချဉ်းကပ်လမ်း တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက် ပြီးစီးပြီ ဖြစ်၍ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ တံတားပေါ် အဆင်ပြေချောမွေ့စွာ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

၁၉၈၀-၈၁ ပညာသင်နှစ်ရဲ့ နှင်းတွေဝေတဲ့ ဒီဇင်ဘာနံနက်ခင်းတစ်ခုမှာ ရန်ကုန် တက္ကသိုလ်မြေကို စတင်ခြေချခဲ့ပါတယ်။ တတိယနှစ် မြန်မာစာအဓိက ကျောင်းသူ အဖြစ်နဲ့ပါ။ ကျွန်မတို့က ဒေသကောလိပ် ပညာရေးကို လက်မတင်လေး မီလိုက်သူများ ဖြစ်တာကြောင့် အခြေခံပညာအထက်တန်းကို ၁၉၇၈ ခုနှစ်မှာ အောင်မြင်ခဲ့ပြီး ပထမနှစ်ကို အမှတ်(၃)ဒေသကောလိပ်မှာ တက်ရောက်ခဲ့ ရပါတယ်။ ငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်တဲ့ ဆရာဝန်ရူးဆိုတော့ ပထမနှစ်မှာ အဘိုးက တားတဲ့ကြားက သိပ္ပံ(ဇီဝ)တွဲယူခဲ့ ပါတယ်။ ဒုတိယနှစ်မှာ လုပ်ငန်းအတတ်ပညာ ဆိုတော့ ရော်ဘာနဲ့ ပလတ်စတစ်လုပ်ငန်း ယူပါတယ်။ ဂုဏ်ထူးတဝေဝေနဲ့ အောင်ခဲ့ပေ မယ့် အမှတ်ပေါင်းသော် ဆေးတက္ကသိုလ်ဝင်ခွင့် အမှတ်မမီလေသောကြောင့် ရွေးချယ်ရန် ဖြစ် လာပါတယ်။ သိပ္ပံဘွဲ့ယူမလား၊ လိုင်းပြောင်း မလား။ ကျွန်မက လိုင်းပြောင်းပြီး ဝိဇ္ဇာတွဲ ယူချင်တယ်ဆိုတော့ ဖေဖေက မြန်မာစာယူဖို့ ပြောပါတယ်။ ကျွန်မလည်း ကိုယ်တိုင်လည်း စိတ်ဝင်စား၊ အဖေ့စကားလည်း နားထောင်ပြီးသား ဖြစ်စေဆိုပြီး မြန်မာစာယူဖို့ ဆုံးဖြတ်ချက်က ကျွန်မကို ရန်ကုန်တက္ကသိုလ် ကျောင်းသူဖြစ်စေတဲ့အကြောင်းပါ။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ၊ လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးထွန်းမင်းအောင်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများတို့သည် ယမန်နေ့ နံနက်ပိုင်းက ကျိုက်မရောမြို့နယ်သို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဝင်းသိန်းသည် ယမန်နေ့က ညောင်လေးပင်မြို့နယ် ဒေသခံများ၏ အခက်အခဲ များနှင့်ပတ်သက်၍ တင်ပြမှုများအပေါ် ကွင်ဆင်းကြည့်ရှုစစ်ဆေးခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Dec 20, 2020

၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှစ၍ ရန်ကုန်တက္ကသိုလ် ရာပြည့် သဘင်ကို ဂုဏ်ပြုသောအားဖြင့် ရန်ကုန်တက္ကသိုလ်နှင့် ပတ်သက်သောဆောင်းပါးများကို နေ့စဉ်ထုတ်သတင်းစာ အချို့တွင် စတွေ့ရ၏။ ၂၀၂ဝ ပြည့်နှစ်၌ကား ရာပြည့်နှစ် ဖြစ်သဖြင့် ပို၍ခပ်စိပ်စိပ် ဖတ်လာရသည်။ ဆရာဆူးငှက် ကလည်း မန္တလေးတက္ကသိုလ်၏အစသည် ရန်ကုန် တက္ကသိုလ်၏ လက်အောက်ခံ မန္တလေးကောလိပ် ဖြစ်သဖြင့် မန္တလေးတက္ကသိုလ်၏ မူလဘူတကို ရေးခဲ့၏။

ဆက်လက်ဖတ်ရှုရန်