နေပြည်တော် ဒီဇင်ဘာ ၁၈
ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဒီဂျစ်တယ် မီဒီယာအသင်း ဖြစ်မြောက်ရေး ကော်မတီ တို့ ပူးပေါင်း ကျင်းပမည့် “ဒီဂျစ်တယ်ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းများ၏ အရွေ့” အွန်လိုင်းဆွေးနွေးပွဲကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် Zoom Webinar စနစ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ အဖွဲ့ဝင် ဒေါ်ဆွေဇင်ထိုက်က “Beyond the Change: From DTT to OTT” ခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားမည်ဖြစ်ပြီး “ဒစ်ဂျစ်တယ် ပလက်ဖောင်းများနှင့် မြန်မာ့ရုပ်ရှင် လုပ်ငန်းများ၏ အရွေ့” ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲကို ဦးဆောင် ဆွေးနွေးသူအဖြစ် ဦးမင်းဆွေလှိုင် (အတွင်းရေးမှူး) ပါဝင်ဆောင်ရွက်ပြီး စိုင်းစိုင်းခင်းလှိုင် (အဆိုတော်/သရုပ်ဆောင်)၊ ဦးအောင်မင်းလှိုင် (ကိုပေါက်) (ဒါရိုက်တာ/ သရုပ်ဆောင်)၊ ဦးမျိုးမင်း (Red Radiance ရုပ်ရှင်ရုံ)နှင့် ဦးဝင်းခိုင် (Mahar Mobile Application) တို့ကပါဝင် ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားသူများ အနေဖြင့် (http://tiny.cc/MDMA-Webinar-4) တွင် ဝင်ရောက် စာရင်း ပေးသွင်းနိုင်ပြီး MDMA - Myanmar Digital Media Association Facebook Page များမှလည်း တိုက်ရိုက် Livestream ဖြင့် ထုတ်လွှင့်ပြသသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အောင်မင်းဟန်