Jan 16, 2021
ပဲခူးမြို့၊ ဥဿာမြို့သစ်၊(၇)ရပ်ကွက်၊ ဓမ္မစေတီလမ်းရှိ (၆)ထပ်စုပေါင်းရုံးတွင် ယနေ့ နံနက် ၈နာရီက သဘာဝဘေးအန္တရာယ်ဖြစ်သည့် မြေငလျင်ဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင် မီးသတ်တပ်ဖွဲ့ဝင်များက တပ်ခွဲအဆင့် မြေငလျင်ဘေး အန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခြင်း အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း ၅၀၀လှူဒါန်းပွဲအခမ်းအနား
Jan 16, 2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးဝယ်ယူရန်အတွက် အလှူငွေကျပ်သိန်း ၅၀၀ လှူဒါန်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း၁နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သီရိရတနာခန်းမ၌ ကျင်းပပြု လုပ်ခဲ့သည်။
Jan 16, 2021
ရွှေဘိုမြို့ ကိုဗစ် ၁၉ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ မြို့နယ်ဆေး ပဒေသာပင်ဖောင်ဒေးရှင်း အလှုငွေ ပေးအပ်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၆ ရက်နေ့ နံနက် ၉ နာရီ ခွဲ အချိန်က ရွှေဘိုမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်တက်ရောက် ချီးမြှင့်ခဲ့ကြောင်းသိရှိရသည်။
Jan 16, 2021
နိုင်ငံတော်မှ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ဆေးဝယ်ယူရရှိရေးအတွက် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် စေတနာအလှူရှင် ၂၉ဦးတို့က လှူဒါန်းခဲ့သည့် ငွေကျပ်သိန်းပေါင်း ရှစ်ထောင့်ကိုးရာငါးသိန်း တစ်သောင်းနှင့်နှစ်ထောင့်ငါးရာကျပ် (၈၉၀၅၁၂၅၀၀ကျပ်) ကို မန္တလေးတိုင်းဒေသကြီး အခွန်ဦးစီးမှူးထံသို့ ယမန်နေ့နံနက် ၉နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ တွင် ပြုလုပ်သည့် အလှူငွေများ ပေးအပ်သည့်အစီစဉ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လွှဲပြောင်း ပေးအပ်ခဲ့သည်။
Jan 16, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီက ပဲခူးတိုင်းဒေသကြီး သာသနာရေးဆိုင်ရာ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပခဲ့သည်။
Jan 16, 2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် Win & Win Co., Ltd တို့၏ မဇင်းဆည်မှ မြို့ရေပေးဝေလုပ်ငန်း ဆောင်ရွက်ရန်အတွက် MoU လက်မှတ်ရေးထိုးပွဲ ကျင်းပခဲ့သည်။
Jan 16, 2021
အော်ဂဲနစ်ထောက်ခံချက်လက်မှတ် ပေးအပ်ရေးစီမံချက်၊ လမ်းညွှန်ချက်များနှင့် စိုက်ပျိုးရေးစစ်ဆေးခြင်း ဆိုင်ရာ လမ်းညွှန်ချက် စတုတ္ထမူကြမ်းများအပေါ် ထပ်မံဖြည့်စွက် အတည်ပြုနိုင်ရေး ဆွေးနွေးပွဲကို ယမန် နေ့ နံနက်ပိုင်းက အွန်လိုင်းစနစ်ဖြင့် ကျင်းပသည်။
Jan 16, 2021
ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 16, 2021
ကိုဗစ်ကာလ၏ ပြည်တွင်းခရီးသွားလုပ်ငန်းများ တုံ့ဆိုင်းလာမှုရှိနေခြင်းအပေါ် ခရီးသွားကဏ္ဍတွင် ဆက်စပ် ပါဝင်နေသော SMEs လုပ်ငန်းများအနေဖြင့် မြန်မာ့ခရီးသွားဘဏ်(MTB)တွင် ချေးငွေများချေးယူနိုင်ခွင့်ကို မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ် လက်အောက်ရှိ အသင်း ၁၁ သင်းမှတစ်ဆင့် ဆက်သွယ် ဆောင်ရွက် နိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့ခရီးသွားဘဏ် ရုံးချုပ်မှ သိရသည်။
Jan 16, 2021
နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှု အခွင့်အလမ်းများ အရှိန်အဟုန်မပြတ် စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁၁၇) ၏ သင်တန်းဆင်းပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၅ ရက် ညနေ ၄ နာရီက ကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးကျော်ဝင်းက Online မှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ ပညာဌာန များမှ ပါမောက္ခများ၊ သင်ကြားပို့ချခဲ့သည့် ဆရာ ဆရာမများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက် ခဲ့ ကြသည်။