Skip to main content

Jan 16, 2021

အာဏာရှင်ခေတ်အဆက်ဆက်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ဒီမိုကရေစီ ကြွေးကြော်သံဖြင့် ဖွင့်လှစ်ကျင်းပသော လွှတ်တော်များ၏တတိယ သက်တမ်းကို ရောက်ခဲ့ပြီ။ လွှတ်တော်တို့ စတင်တော့မည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ပထမအကြိမ်နှင့် ဒုတိယအကြိမ် နိုင်ငံခြားဘဏ် ရွေးချယ်ရေး အစီအစဉ်တွင် နိုင်ငံခြားဘဏ် ဘဏ်ခွဲများ (Foreign Bank Branches) ကိုသာ ခွင့်ပြုပေးခဲ့သော်လည်း တတိယအကြိမ် နိုင်ငံခြားဘဏ်ရွေးချယ်ရေးအစီအစဉ်တွင် နိုင်ငံခြား ဘဏ် လက်အောက်ခံဘဏ်များ (Foreign Bank Subsidiaries) ကို စတင်ခွင့်ပြု ပေးခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

ရခိုင်ပြည်နယ်အတွင်း နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေး အတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အဦများ၏ လက်ရှိအခြေအနေ နှင့် ရေရှည် ကြံ့ခိုင်ရေး ကိစ္စရပ်များ၊ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း သည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Meeting ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့အောက်တွင် ဖွဲ့စည်းထားသော လုပ်ငန်း အဖွဲ့(၃) ခုအနက် လူကုန်ကူးခံရသူများအား ပြန်လည်လက်ခံရေး၊ ပြန်လည်ဝင်ဆံ့ ပေါင်းစည်း ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၁)ကို ယနေ့ မွန်းလွဲ ၁၂နာရီခွဲတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ စွမ်းအင်ကဏ္ဍ ကြီးကြပ်မှုအောက် ဦးစီးဌာန/ လုပ်ငန်းများမှ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ရှေ့လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ရတနာခန်းမ၌ COVID-19 ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီက ကြီးမှူးကျင်းပသည့် International Conference on Engineering Education Association (ICEEA 2021 Myanmar) အခမ်း အနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ Online စနစ် ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် စင်ကာပူ နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာသင်္ဘောသား (၁၄၃)ဦးအား စင်ကာပူ မြို့ရှိ မြန်မာသံရုံးမှ စီစဉ်သည့် (၃၅)ကြိမ်မြောက် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ကယ်ဆယ်ရေးလေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့ညနေ ၅နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည် ရောက်ရှိကြသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှုအခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက် ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့်အညီ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဉီးလွင်မြို့နယ်၊ ဗဟို၀န်ထမ်း တက္ကသိုလ်(အထက်မြန်မာပြည်)တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့် အရာထမ်း ငယ်အခြေခံသင်တန်းအမှတ်စဉ်(၈၇)၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ညနေ ၄ နာရီကကျင်းပခဲ့ရာ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၊ ပါမောက္ခချုပ် ဦးကျော်စိုးက Online မှသင်တန်းဆင်း အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု“စံ”သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသား အဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၊ စုဝေးခန်းမ၌ Virtual System ဖြင့် ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Jan 15, 2021

မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း နှင့် ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော Total E&P Myanmar ကုမ္ပဏီသည် ကမ်းလွန် လုပ်ကွက် အမှတ် M-5 နှင့် M-6 တို့တွင် တွင်းတူးဖော်ရေးလုပ်ငန်းများကို Jack-Up Drilling Rig, COSL BOSS (Call Sign: 9V5684) ဖြင့် WP2 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၀၉ ဒသမ ၅၆၇ စက္ကန့် ၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၆ မိနစ် ၅၁ ဒသမ ၇၂၈ စက္ကန့်၊ WP4 Platform တွင် မြောက်လတ္တီတွဒ် ၁၅ ဒီဂရီ ၀၉ မိနစ် ၃၇ ဒသမ ၃၃၁ စက္ကန့် ၊ အရှေ့ လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၄၃ မိနစ် ၀၂ ဒသမ ၇၉၂ စက္ကန့်တို့တွင် (၁.၂.၂၀၂၁) ရက်နေ့မှ (၃၀.၆.၂၀၂၁) ရက်နေ့အထိ လုပ်ငန်းများ ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်