Skip to main content

ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၁၇) သင်တန်း ဆင်း

ရန်ကုန်  ဇန်နဝါရီ   ၁၅


နိုင်ငံ့ဝန်ထမ်းများ၏ လေ့လာသင်ယူမှု အခွင့်အလမ်းများ အရှိန်အဟုန်မပြတ်စေရေးအတွက်  ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ လမ်းညွှန်ချက်နှင့် အညီရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်     ဗဟိုဝန်ထမ်း တက္ကသိုလ် (အောက်မြန်မာပြည်) တွင် Online Learning System ဖြင့် ဖွင့်လှစ်ပို့ချခဲ့သည့်     အရာထမ်းငယ် အခြေခံ သင်တန်း အမှတ်စဉ် (၁၁၇) ၏ သင်တန်းဆင်းပွဲ   အခမ်းအနားကို  ဇန်နဝါရီ ၁၅ ရက်  ညနေ   ၄ နာရီက  ကျင်းပခဲ့ရာ    ဗဟိုဝန်ထမ်းတက္ကသိုလ်  (အောက်မြန်မာပြည်)   ပါမောက္ခချုပ် ဦးကျော်ဝင်းက Online မှ   သင်တန်းဆင်း     အမှာစကား    ပြောကြားပြီး  ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊    ပညာဌာန များမှ ပါမောက္ခများ၊   သင်ကြားပို့ချခဲ့သည့် ဆရာ ဆရာမများ နှင့်   သင်တန်းသား သင်တန်းသူများ       တက်ရောက် ခဲ့ ကြသည်။
ဗဟိုဝန်ထမ်း       တက္ကသိုလ် (အောက်မြန်မာပြည်)   အနေဖြင့် ဤသင်တန်းကို ကိုဗစ် - ၁၉ ကူးစက် ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးမထိခိုက်စေဘဲ သင်ကြား သင်ယူမှုအခွင့်အလမ်းများ စဉ်ဆက် မပြတ်ရရှိစေရေးနှင့်   နည်းပညာ အတွေ့အကြုံများရရှိပြီး နိုင်ငံတော်၏ e-Government  လုပ်ငန်းများတွင် အထောက်အကူ   ပြုစေရေးတို့ကို ရည်ရွယ်၍   ဒုတိယအကြိမ်မြောက်  Online  Learning  System  ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်း ၂၈ ခုမှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်း ငယ်သင်တန်းသား  ၅၄ ဦး၊ သင်တန်း သူ ၆၅ ဦး စုစုပေါင်း ၁၁၉ ဦးတို့ Online ဖြင့်   တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ  ၁၄-၁၂-၂၀၂၀   ရက်မှ   ၁၅-၁-၂၀၂၁ ရက်အထိ    ရက်သတ္တ လေးပတ်ကြာ Zoom Cloud Mee-tings နှင့်  Google Classroom တို့ကို   အသုံးပြု၍    Online    Learning  System  ဖြင့်  သင်ကြားပို့ချခဲ့ကြောင်း သိရသည်။


သတင်းစဉ်