Jun 21, 2022
ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင် ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပရာ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ရာတွင် လက်ရာသေသပ် ကောင်းမွန်ရေး၊ အဆောက်အအုံ ပတ်လမ်းနှင့် အဝင်အထွက်လမ်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် သတ်မှတ်ချိန် လုပ်ငန်းများ ပြီးစီးရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။
Jun 21, 2022
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံတိုင်းရင်းဆေးကောင်စီနာယကအဖွဲ့၊ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာအကြံပေးအဖွဲ့၊ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်မှ တာဝန်ရှိသူများနှင့် နေပြည်တော်ရုံးအမှတ် (၄၇) တိုင်းရင်းဆေးပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
Jun 21, 2022
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းသည် ဇွန် ၁၉ ရက်နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ရှိ ဆေးဝါးစက်ရုံ (အင်ရောင်း)သို့ သွားရောက်စစ်ဆေးသည်။
Jun 21, 2022
၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မြေပြင်အတတ်သင်လေတပ်စခန်းအား ကစားကွင်း၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 21, 2022
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုသည် ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၈)ရပ်ကွက် ကျန်စစ်သား လမ်းပေါ်ရှိ မြန်မာ-ကိုရီးယားချစ်ကြည်ရေးသင်တန်းကျောင်းသို့ သွားရောက်ပြီး ၂၀၁၉ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားမီ ကာလ အထိ သင်တန်းကျောင်းတွင် ဗုဒ္ဓဘာသာ ယဉ်ကျေးမှုသင်တန်း၊ အဘိဓမ္မာ အခြေခံသင်တန်း၊ ယဉ်ကျေးလိမ္မာဆရာဖြစ်သင်တန်းများ ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုအခါ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း လျော့နည်းလာသဖြင့် သင်တန်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ရန်နှင့် အဆောက်အအုံပျက်စီးမှုများရှိပါကလည်း လိုအပ်သည်များ ပြန်လည် မွမ်းမံ ထားရှိရန် တာဝန်ရှိသူများသို့ မှာကြား၍ အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2022
အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၏ ၂၀၂၂ ခုနှစ် တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ် ကျောက်တိုင်အားကစားကွင်း၌ပြုလုပ်ရာ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။
Jun 21, 2022
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် အဖွဲ့ဝင်ဦးအောင်စောဝင်းနှင့် ဒေါ်နုမြဇံတို့နှင့်အတူ ယမန်နေ့နံနက်တွင် သံတွဲမြို့သို့ရောက်ရှိပြီး ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတည်ဆောက်မည့် မြေနေရာများဖြစ်သည့် အမှတ်(၂)ရပ်ကွက် စီမံကိန်းလမ်းရှိ မြေနေရာနှင့် အမှတ်(၈)ရပ်ကွက် ဒွါရာဝတီတံတားဦးခရိုင်အားကစားကွင်းရှိ မြေနေရာများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Jun 21, 2022
မန္တလေးတိုင်းဒေသကြီးအစိုးရအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံကျောင်းများ ပညာသင်ကြားရာတွင် စိတ်ချမ်းမြေ့စွာ သင်ကြားနိုင်ရေးအတွက်လည်းကောင်း၊ ပညာရေး၊ ကျန်းမာရေးကဏ္ဍများ တိုးတက်ရန်အတွက်လည်းကောင်း ဆောင်ရွက်ပေးလျက်ရှိရာ မန္တလေး တိုင်းဒေသကြီးအတွင်းရှိ သူနာပြုတက္ကသိုလ်၊ သူနာပြု/သားဖွားသင်တန်းကျောင်းတို့မှ သင်တန်းသား၊ သင်တန်းသူများအား ချစ်ခင်ရင်းနှီးမှုရရှိရန်၊ ဒေသန္တရဗဟုသုတများရရှိနိုင်ရန်၊ ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုများတွင် စိတ်ဓာတ်ခွန်အားမြင့်မားစေရန် ရည်ရွယ်ပြီး သင်တန်းသားများ တွေ့ဆုံပွဲကို ယမန်နေ့က ရတနာပုံဥယျာဉ် ကျုံးအရှေ့မြောက်ထောင့်တွင် ကျင်းပသည်။
Jun 21, 2022
ပြန်ကြားရေးဝန်ကြီးဌာန ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ဝန်ထမ်းများ၏ သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jun 21, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ချမှတ်ထားသည့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက်မှ “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်ပေးနိုင်ရေး ဆောင်ရွက်သွားမည်”ဟူသည့် ရှေ့လုပ်ငန်းစဉ်ချမှတ်ထားသည်။