Skip to main content

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ်(လေ) တံခွန်စိုက်ဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော် ဇွန် ၂၀

၂၀၂၂ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် မြေပြင်အတတ်သင်လေတပ်စခန်းအား ကစားကွင်း၌ ပြုလုပ်ရာ မိတ္ထီလာတပ်နယ်မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာမိတ္ထီလာတပ်နယ်မှ အရာရှိကြီးများနှင့် တက်ရောက်လာကြသူများက ဗိုလ်လုပွဲပွဲစဉ်ဖြစ်သည့် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်အသင်းနှင့် မြေပြင်အတတ်သင် လေတပ်စခန်းအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

ထို့နောက်ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ တစ်ဦးချင်းဆု ရရှိကြသူများ၊ အသင်းလိုက်ဆုရရှိကြသူများနှင့် ဒိုင်းဆုရရှိသည့် မြေပြင်အတတ်သင်လေတပ်စခန်းအသင်းတို့အား ကာကွယ်ရေးဦးစီးချုပ်(လေ)ကိုယ်စား လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆုနှင့်ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။

အဆိုပါ ဘောလုံးပြိုင်ပွဲကို လေတပ်စခန်းဌာနချုပ်နှင့် လေတပ်စခန်း အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၃ သင်းဖြင့် ဇွန် ၁ ရက်မှ ယနေ့အထိ ယှဉ်ပြိုင်ကစားကြောင်း သိရသည်။

သတင်းစဉ်