Skip to main content

ဒုတိယဝန်ကြီး ဦးဝင်းဖေ လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ ပြည်ထောင်စု ခန်းမကြီး ပြင်ဆင်နေမှုနှင့် နေပြည်တော်ရှိ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး လမ်းအူကြောင်း ဖောက်လုပ်နေမှုစစ်ဆေး

နေပြည်တော် ဇွန် ၂၀

ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၉ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီးရှိ အမျိုးသားညီလာခံကျင်းပရာ ပြည်ထောင်စုခန်းမကြီး ပြင်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုခန်းမကြီး ပြင်ဆင်ရာတွင် လက်ရာသေသပ်ကောင်းမွန်ရေး၊ အဆောက်အအုံပတ်လမ်းနှင့် အဝင်အထွက်လမ်းများ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ရေးနှင့် သတ်မှတ်ချိန် လုပ်ငန်းများပြီးစီးရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး (နေပြည်တော် - ရန်ကုန်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင် (၂၀၄ / ၀) တွင် နေပြည်တော် ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိခရိုင်ရှိ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး အဝင်လမ်း၊ လမ်းအူကြောင်း ဖောက်လုပ်နေမှုနှင့် လမ်းလယ်ကျွန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားကြောင်း သိရသည်။

သတင်းစဉ်