Aug 10, 2022
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
Aug 10, 2022
ပြန်ကြားရေးဝန်ကြီးဌာနက ကြီးမှူးဖွင့်လှစ်သည့် မီဒီယာနှင့် သတင်းအချက်အလက်ဆိုင်ရာ သိနားလည်မှု (Media and Information Literacy) သင်တန်း ဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၁၀ ရက်၊ နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပသည်။
Aug 10, 2022
၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ် ကုန်သွယ်မှု အခြေအနေအား ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်တင်ပြခြင်း
Aug 10, 2022
နိုင်ငံတည်ဆောက်ရေးနှင့် နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအောင်မြင်စွာလည် ပတ်နိုင်ရေးအတွက် ပြည်သူ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် အဓိကနေရာမှပါဝင်သကဲ့သို့ ၎င်းတို့အား ဆက်မပြတ် လေ့လာ သင်ယူနိုင်မှု အခွင့်အလမ်းရှိအောင် ဖန်တီးပေးနိုင်ရေးသည် လွန်စွာမှ အရေးကြီးပါသည်။
Aug 10, 2022
မြန်မာနိုင်ငံသည် နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါး ညီမျှခြင်းကြောင့် ဒေသမရွေး သီးပင်၊ စားပင်များ အားစိုက်ပျိုးဖြစ်ထွန်းကြပါတယ်။ ၎င်းတို့အနက်မှ ခရမ်းချဉ်သီးသီးနှံသည် ဒေသမရွေး လွယ်ကူ စွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးသည် အရောင်အသွေး လှပသကဲ့သို့ ခန္ဓာကိုယ် အတွက်များစွာအကျိုးရှိသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ ခရမ်းချဉ်သီးအား ဟင်းချက်ရာတွင် ဟင်းအနှစ်ရရှိရန်နှင့် အခြားသီးနှံ၊ အသားများဖြင့်ရောကြော်ခြင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် စားသုံးကြပါတယ်။ ခရမ်းချဉ်သီးကြိုက်နှစ်သက်သူများသည် လက်ဖက်နှင့်သော်လည်းကောင်း၊ အချို့သောသူများသည် ရေဆေး၍ အလုံးလိုက်ပင် စားသုံးတတ်ကြပါတယ်။ ထို့ပြင် ခရမ်းချဉ် သီးအား ယိုထိုး၍သော်လည်းကောင်း စားသုံးကြပါတယ်။ ခရမ်းချဉ်သီးသည် အာဟာရဖြစ်စေရန် တစ်ခုတည်းတွက်သာမကဘဲ ခန္ဓာကိုယ်၏ အလှအပရေးရာနှင့် ကျန်းမာရေးအတွက်များစွာ အထောက်အကူဖြစ်စေသော သီးနှံတစ်မျိုးလည်း ဖြစ်ပါတယ်။
Aug 10, 2022
ကျွန်မတို့ ငယ်စဉ်ကလေးဘဝ စကားထာဖွဲ့ကြရာတွင် “တစ်နှစ်တစ်ခါပေါ်လို့လာ ငါသာ မင်းလောင်း ထီးဖြူဆောင်း” ဟူသည့် မြန်မာရိုးရာစကားထာကို သတိရမိသည်။ ထို့အပြင် “မှိုရသောမျက်နှာ” ဟူသည် အလွန်ပီတိဖြစ်၍ ပြုံးနေသောမျက်နှာ၊ ကျေနပ်အားရနေသော မျက်နှာကို ခေါ်ခြင်းဖြစ်၍ မှိုကိုလည်း မြန်မာလူမျိုးများက အလွန်ကြိုက်နှစ်သက်သည်ကို ပေါ်လွင်စေပါသည်။ မြန်မာပြည်တွင် စနစ်တကျ မှိုစိုက်ပျိုးသည့်နှစ်ကို ခန့်မှန်းတွက်ဆ ကြည့်သောအခါ (၁၉၃၂) ခုနှစ်၊ မန္တလေးတိုင်းတွင် ထိုင်းနိုင်ငံမှ ပညာရှင်တစ်ယောက် အကူအညီဖြင့် ကောက်ရိုးမှိုစိုက်ပျိုးနည်းကို စတင်ခဲ့သည်ဟု ယူဆရကြောင်း လေ့လာသိရှိရပါသည်။ (၁၉၇၉)ခုနှစ်မှ စတင်၍ မှိုစိုက်ပျိုးနည်း ပိုမိုတွင်ကျယ်လာကာ (၁၉၈၀) နောက်ပိုင်းတွင် နည်းပညာများမြင့်မားလာပြီး ကောက်ရိုးမှိုကို နည်းအမျိုးမျိုးပုံစံအမျိုးမျိုးဖြင့် စနစ်တကျ စိုက်ပျိုးလာကြပါသည်။
Aug 10, 2022
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် သစ်တောဥပဒေပုဒ်မ (၆)၊ ပုဒ်မခွဲ (င) အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံး၍ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဂန့်ဂေါမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ဧက ၈၄၀၀ ရှိသော နယ်မြေကို “ပေါ်လယ်-ဝက်ချီပါ ကြိုးပြင်ကာကွယ်တော” အဖြစ် အမိန့်ကြော်ငြာ စာအမှတ် (၁၂၀/၂၀၂၂) အရ ၁၃၈၄ ခုနှစ် ဝါခေါင်လဆန်း ၁၂ ရက် (၂၀၂၂ ခုနှစ် ဩဂုတ် ၈ ရက်) မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
Aug 10, 2022
နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေးစကား ပြောကြားပြီး တင်ပြချက်များပေါ် လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ စားသောက်ဖွယ်ရာများနှင့် လူသုံးကုန်ပစ္စည်းများ ပေးအပ်သည်။
Aug 10, 2022
ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ဝန်ထမ်းအရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန်တော်များ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။
Aug 10, 2022
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင်အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။